
ဥရုဂွေးတိုက်စစ်မှူး နူညက်ဇ်ရဲ့ ၅ ပွဲပယ်ဒဏ်အတွက် အယူခံတင်သွင်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရ ပါတယ်။
လီဗာပူးတိုက်စစ်မှူးဟာ မနှစ်က ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ ကိုပါအမေရိက ဖလားဆီမီးဖိုင်နယ်ပွဲ စဉ် အပြီးမှာ ပွဲကြည့်စင်ပေါ်တက်ပြီး ပြိုင်ဘက် ကိုလံဘီယာပရိသတ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်ရပ်အတွက် ၅ ပွဲပယ်ပြစ်ဒဏ်နဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ ၅ ပွဲပြစ်ဒဏ်ကနေ ၃ ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ပြီး ဥရုဂွေးဘောလုံးအဖွဲချု ပ်ဘက်က အယူခံတင်သွင်းခဲ့ရမှာ မအောင်မြင်ခဲ့တာကြောင့် နူညက်ဇ်ဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲကို ဆက်လက် လွဲချော်မှာဖြစ်ပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရတဲ့ နောက်ထပ်ဥရုဂွေးကစားသမား ၄ ယောက်ထဲမှာ စပါးကွင်းလယ်လူ ဘန်တန်ကာလည်းပါဝင်ပြီး ဘန်တန်ကာကတော့ ပွဲပယ်ပြစ်ဒဏ်ကို ခံယူခဲ့ပြီးဖြစ်တာကြောင့် လာမယ့်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။
Photo: Reuters