
နစ်ဆန်းမော်တာ နိုင်ငံစုံကုမ္ပဏီကြီးက တကမ္ဘာလုံးမှာ ဝန်ထမ်းအယောက် ၁၀,၀၀၀ ကျော်ကို လျှော့ချမယ်လို့ ဂျပန်အများပိုင်ရုပ်သံလိုင်း NHK က မေ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ အရင်က လျှော့ချဖို့ ကြေညာထားတဲ့ ဝန်ထမ်းအင်အား ၂၀,၀၀၀ ကနေ လျော့ကျသွားတာပါ။
ရုန်းကန်နေရတဲ့ ဂျပန်ကားထုတ်လုပ်သူ နစ်ဆန်းဟာ ပြီးခဲ့တဲ့လက ချွတ်ယွင်းချက်ကြောင့် မတ်လမှာ ပြီးဆုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ အသားတင်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၄ ဘီလီယံကနေ ၅ ဒသမ ၀၈ ဘီလီယံ အထိ စံချိန်တင်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
နစ်ဆန်းက သူ့ရဲ့ တနှစ်တာ ရလဒ်တွေကို မေ ၁၃ ရက်မှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ အစီရင်ခံစာအပေါ် မှတ်ချက်ပေးဖို့တော့ နစ်ဆန်းက ငြင်းဆိုခဲ့ပါတယ်။
Source: Reuters