DVB Logo
Home
နိုင်ငံတကာ
PKK စစ်သွေးကြွအဖွဲ့က လက်နက်ကိုင်တော်လှန်ရေး ဖျက်သိမ်းရန် ဆုံးဖြတ်
DVB
·
May 13, 2025
PKK စစ်သွေးကြွအဖွဲ့က လက်နက်ကိုင်တော်လှန်ရေး ဖျက်သိမ်းရန် ဆုံးဖြတ်
Donate to DVB

တူရကီနိုင်ငံနဲ့ နှစ် ၄၀ ကျော် သွေးထွက်သံယို ပဋိပက္ခတွေထဲမှာ ပိတ်မိနေတဲ့ ကာဒစ်စတန် အလုပ်သမားပါတီ (PKK) စစ်သွေးကြွအဖွဲ့က လက်နက်ကိုင် တော်လှန်ရေးကို ဖျက်သိမ်းပြီး အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အဖွဲ့နဲ့နီးစပ်တဲ့ သတင်းဌာနတခုက မေ ၁၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။

PKK ရဲ့ ဆုံးဖြတ်ချက်ကို တာ့ခ်လူမျိုးတချို့က မေ ၁၂ ရက်မှာ ကြိုဆိုခဲ့ကြပြီး သွေးထွက်သံယိုမှု အဆုံးသတ်ဖို့ မျှော်လင့်ချက်ကို ဖော်ပြခဲ့ပေမဲ့ တချို့ကတော့ သံသယရှိနေကြဆဲပါ။

PKK နဲ့ တူရကီအစိုးရကြား သဘောတူညီချက် ပျက်သွားချိန်နဲ့စာရင် ပဋိပက္ခ အဆုံးသတ်ဖို့ နောက်ဆုံးကြိုးပမ်းချက်ကို ပိုမျှော်လင့်ထားတယ်လို့ ဖိနပ်လုပ်ငန်းရှင် မူရတ် ဂူနက်စ်က ပြောပါတယ်။

တူရကီက အကြမ်းဖက်အဖွဲ့အဖြစ် ရှုမြင်တဲ့အဖွဲ့နဲ့ ညှိနှိုင်းတာက မှားယွင်းပေမဲ့ အားလုံးအတွက် ဒီမိုကရေစီ အခွင့်အရေးတွေကို ပိုထောက်ခံတယ်လို့ အငြိမ်းစား ရေပိုက်ပြင်သမား နီဟတ် ကာပလန်က ပြောပါတယ်။

“အကြမ်းဖက်သမားတွေနဲ့ သဘောတူညီချက်ယူတာ မှန်တယ်လို့ ကျနော် မယူဆဘူး။ ဒါပေမဲ့ နိုင်ငံသားအားလုံးအတွက် အဓိကဦးစားပေးဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူမှုရေးအခွင့်အရေးတွေကိုတော့ ထောက်ခံပါတယ်” လို့ သူကပြောပါတယ်။

PKK အဖွဲ့က ၁၉၈၄ ခုနှစ်မှာ စပြီး ပုန်ကန်ကတည်းက ပဋိပက္ခအတွင်း လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့တာပါ။

စီးပွားရေးမှာ အကြီးအကျယ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပြီး လူမှုရေးတင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ PKK ကို တူရကီနဲ့ အနောက်မဟာမိတ်တွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013