DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် မားကို့စ်နှင့် ဒူတာတေး မိသားစုကြား ပြိုင်ဆိုင်မှုပြင်းထန်
DVB
·
May 13, 2025
ဖိလစ်ပိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် မားကို့စ်နှင့် ဒူတာတေး မိသားစုကြား ပြိုင်ဆိုင်မှုပြင်းထန်
Donate to DVB

ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတသက်တမ်းဝက် ကြားဖြတ်ရွေးကောက်ပွဲမှာ မားကို့စ်နဲ့ ဒူတာတေး စတဲ့ နိုင်ငံရေးမျိုးဆက် မိသားစု ၂ ခုကြား ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကြောင့် မထင်မှတ်ထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

မေ ၁၂ ရက်က ကျင်းပသွားတဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဒေသန္တရအရာရှိအဆင့်ကနေ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ အထက်လွှတ်တော်အမတ် စတဲ့ စုစုပေါင်း နေရာ ၁၈,၀၀၀ အထိကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မဲ ၈၀ ရာခိုင်နှုန်းအထိ ရေတွက်ပြီးချိန်မှာတော့ လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာရဲ့ မဟာမိတ်တွေက အထက်လွှတ်တော်နေရာကို မျှော်မှန်းထားတာထက် လျော့နည်းပြီး ရရှိခဲ့တဲ့ အလျောက် အာဏာချုပ်ကိုင်နိုင်စွမ်းအပေါ် လှုပ်ခတ်စေခဲ့ပါတယ်။

တချိန်တည်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ကလည်း ဒါဗာအို-စီးတီးရဲ့ (Davao City) မြို့တော်ဝန်အဖြစ် ရွေးကောက်ပွဲကို အနိုင်ထပ်ရပါတယ်။

ဒါကြောင့် တချိန်တုန်းက မဟာမိတ်တွေ ဖြစ်ခဲ့ကြတဲ့ မားကို့စ် ဂျူနီယာနဲ့ ဆာရာ ဒူတာတေး တို့ကြားမှာ ကြားဖြတ်ရွေးကောက်ပွဲကို အားပြိုင်ရာ နယ်ပယ်အဖြစ် ဖော်ပြခဲ့ပါတယ်။

ဒူတာတေးရဲ့ သမီးဖြစ်သလို ဒု-သမ္မတလည်းဖြစ်တဲ့ ဆာရာဟာ စွပ်စွဲပြစ်တင်မှုဆိုင်ရာ တရားခွင်နဲ့  ရင်ဆိုင်နေရတာကြောင့် နိုင်ငံရေးလုပ်ခွင့် အပိတ်ပင်ခံရမယ့် အလားအလာပါ ရှိနေပါတယ်။

လာမယ့် ၂၀၂၈ ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတအဖြစ် အရွေးချယ်ခံဖို့အတွက် ဆာရာဟာ လူကြိုက်များမှုအရ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခံထားရသူလည်း ဖြစ်ပါတယ်။

နောက်ထပ် သမ္မတဟောင်းဖြစ်သူ အကွီနိုနဲ့ ဝမ်းကွဲတော်စပ်တဲ့ ဘမ် အကီနို ကတော့ ရွေးကောက်ပွဲဆိုင်ရာ အဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာကို အရယူနိုင်ခဲ့ပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း မဲဆန္ဒရှင်တွေက မားကို့စ်နဲ့ ဒူတာတေး မိသားစုဝင် မဟုတ်တဲ့ အပြင်လူတယောက်ကို ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ကြတာပါ။

အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးမျိုးဆက် ၂ ခုကြား တိုက်ပွဲအပါအဝင် မဲပေးဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီးတွေ၊ အကြမ်းဖက်မှုသတင်းတွေနဲ့ မဲပေးစက် ချွတ်ယွင်းတာမျိုးပါ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013