DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်ရောက်မြန်မာများ ပတ်စ်ပို့စ်သက်တမ်းတိုးရာတွင် ၅ နှစ်နှင့်အထက် ပြတ်တောက်ပါက မြန်မာပြည် ပြန်လုပ်ရမည်
DVB
·
November 10, 2026
Photo: Myanmar Philippine Embassy
Photo: Myanmar Philippine Embassy
Donate to DVB

ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ် သက်တမ်းတိုးရာမှာ ၅ နှစ်နဲ့အထက် ပြတ်တောက်ရင် မြန်မာပြည်ပြန်ပြီးလုပ်ရမယ်လို့ ဖိလစ်ပိုင်ရှိ စစ်အာဏာရှင်လက်အောက်ခံသံရုံးက နို၀င်ဘာ ၁၀ ရက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ပတ်စ်ပို့စ်သက်တမ်းတိုး လျှောက်ထားရာမှာ သာမန် နိုင်ငံကူးလက်မှတ် (အနီ) သက်တမ်း ၂ နှစ်နဲ့ အထက် ပြတ်တောက်နေရင် သက်တမ်းပြတ်ဒဏ်ကြေးအဖြစ် အမေရိကန် ၁၅ ဒေါ်လာ ပေးဆောင်ရမယ်လို့ ဖော်ပြပါတယ်။

သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းမကုန်မီ ၁ နှစ်နဲ့အထက် ကြိုတင်သက်တမ်းတိုးဖို့ လျှောက်ထားရင် ဒဏ်ကြေး ပေးဆောင်ရန် မလိုအပ်ပေမဲ့ သက်တမ်း ၅ နှစ်နဲ့အထက် ပြတ်တောက်ရင် တကြိမ် တခါသုံး ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကို မြန်မာသံရုံးမှာ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

CI လျှောက်ထား ရယူပြီး ပတ်စ်ပို့စာအုပ် သက်တမ်းတိုးတာကို မြန်မာပြည် ပြန်ပြီး ဆောင်ရွက်ရမယ်လို့လည်း သတိပေးထားပါတယ်။

PJ အမျိုးအစား ပတ်စ်ပို့စ်လျှောက်ထားသူတွေအနေနဲ့ မြန်မာသံရုံးမှာ သက်တမ်းတိုးရင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအပြင် တရားဝင်ငွေလွှဲစနစ်နဲ့ ရရှိလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုလွှဲပို့ငွေအဖြစ် လွှဲထားတဲ့ ၃ လစာငွေစလစ်ကို အထောက်အထားနဲ့ ပူးတွဲတင်ပြရမယ်လို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဆိုးလ်နဲ့ တိုကျိုမှာ ရှိတဲ့ စစ်အာဏာရှင်လက်အောက်ခံ သံရုံးတွေကလည်း PJ လက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့စ်သက်တမ်းတိုးရာမှာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမဲ့အပြင် မိသားစုထံ ၂၅ ရာခိုင်နှုန်း ၃ လစာ ငွေလွှဲပို့ထားတဲ့ အထောက်အထားတွေကို တင်ပြရမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013