
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို မကြိုဆိုကြောင်း ဖိလစ်ပိုင်ကျောင်းသားတွေက သံပြိုင် ကြွေးကြော်သံတွေ၊ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
ထရမ့်ပ်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမဲ့ ၄၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲကို တက်ရောက်ဖို့ အစီအစဉ်ရှိပြီး အဲဒီခရီးစဉ်မတိုင်မီ ကျောင်းသားတွေက စုဝေး ဆန္ဒပြနေတာပါ။
ထရမ့်ပ်ဟာ မနီလာမြို့ကို နိုဝင်ဘာ ၁၇ ရက်မှာ လာဖို့ စီစဉ်ထားပြီး ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ မားကို့စ်နဲ့ ကာကွယ်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ အဆင့်မြှင့်တင်ရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ ဖိလစ်ပိုင်အခြေစိုက် Philstar သတင်းက ဖော်ပြပါတယ်။
ဆန္ဒပြကျောင်းသား တယောက်က “ထရမ့်ပ်ဟာ နံပါတ် ၁ စစ်ရာဇဝတ်ကောင်ဖြစ်လို့ ဖိလစ်ပိုင်က သူ့ကို မကြိုဆိုပါဘူး။ ထရမ့်ပ် ဒီကိုလာတာက Pax Silica သဘောတူညီမှုကို လက်မှတ်ရေးထိုးဖို့လို့ ကျနော်တို့ သိထားပါတယ်။ ဒီစာချုပ်ဟာ ကျနော်တို့နိုင်ငံကို အမှန်တကယ် ထိခိုက်စေပါတယ်” လို့ ပြောပါတယ်။
AI နဲ့ပတ်သက်တဲ့ ဆီမီးကွန်ဒက်တာ ထုတ်လုပ်မှု ကုန်ကြမ်းတွေမှာ တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ အမေရိကန်နိုင်ငံက ဩစတြေးလျ၊ ဖိလစ်ပိုင်နိုင်ငံတို့ဆီက လိုအပ်တဲ့ နီကယ်၊ ကြေးနီနဲ့ မြေရှားသတ္တုတွေ ထုတ်လုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ထရမ့်ပ်နဲ့ မားကို့စ်တို့ဟာ တရုတ်နိုင်ငံမှာ ကျင်းပမဲ့ APEC ထိပ်သီးအစည်းအဝေးကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
Source: Reuters











