DVB Logo
Home
နိုင်ငံတကာ
တာလီဘန်အစိုးရက အာဖဂန်တွင် စစ်တုရင်ကစားခွင့် ပိတ်
DVB
·
May 12, 2025
တာလီဘန်အစိုးရက အာဖဂန်တွင် စစ်တုရင်ကစားခွင့် ပိတ်
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အစိုးရက စစ်တုရင်ကစားနည်းကို လောင်းကစားရင်းမြစ်တခု ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

အစ္စလာမ်ဘာသာအရ လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်ပြီးတဲ့အထိ ချက်စ်(Chess) ကစားနည်းကို တားမြစ်ထားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ဒါဟာ အားကစားကဏ္ဍကနေ အမျိုးသမီးတွေရဲ့ ပါဝင်ခွင့်ကို အလုံးစုံ ကန့်သတ်ထားတဲ့ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ နောက်ဆုံးတားမြစ်လိုက်တဲ့ အားကစားနည်းလည်း ဖြစ်ပါတယ်။

၂၀၂၁ ဩဂုတ်လမှာ အာဏာရလာပြီးချိန်ကတည်းက တာလီဘန်တွေဟာ အစ္စလာမ္မစ် ဥပဒေအရ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို တဖြည်းဖြည်းချင်း ပြဋ္ဌာန်းလာခဲ့တာ ဖြစ်ပါတယ်။

အားကစားရေးရာ ညွှန်ကြားရေးမှူးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အစ္စလာမ္မစ် ရှရီယာဥပဒေမှာ စစ်တုရင်ကို “လောင်းကစားနည်းတခုအဖြစ် သတ်မှတ်ထားတယ်” လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မှတ်ချက်ပေးပါတယ်။

အပျော်တမ်းစစ်တုရင်ပြိုင်ပွဲတွေ ကျင်းပပေးခဲ့ဖူးတဲ့ ကော်ဖီဆိုင်ပိုင်ရှင်တယောက်ကတော့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှာ ဖြစ်ပေမဲ့ တခြား မွတ်စလင်အများစု နိုင်ငံတွေမှာ ကစားနေကြတာပဲဆိုပြီး ပြောသွားပါတယ်။

ဒါ့အပြင် MMA လိုမျိုး သိုင်းပေါင်းစုံ တိုက်ခိုက်ရေး ပြိုင်ပွဲတွေဟာ “ကြမ်းတမ်းလွန်းပြီး ရှရီယာ ဥပဒေအရပါ ပြသာနာရှိတယ်” လို့ ဆိုကာ အာဏာပိုင်တွေအနေနဲ့ ပိတ်ပင်ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်တုန်းက “မျက်နှာကိုထိုးတဲ့” တားမြစ်ရေးဥပဒေ ထွက်လာချိန်မှာတော့ MMA ပြိုင်ပွဲတွေဟာ တရားမဝင် ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013