
ဘိုလီးဗီးယားနိုင်ငံ မြို့တော် လာပက်ဇ်မှာ လူ ၃,၀၀၀ ကျော်ဟာ အန်ဒီယန်းပုလွေတမျိုးဖြစ်တဲ့ တာကာပုလွေတွေ တီးမှုတ်ပြီး ကမ္ဘာ့စံချိန်ချိုးဖို့ ကြိုးစားခဲ့ကြပါတယ်။
တာကယ်ယာဒါလို့ ထင်ရှားတဲ့ ဂီတအမျိုးအစားဟာ အန်ဒီးယန်းတောင်တန်းကို အမှီပြုတဲ့ တောင်အမေရိကရဲ့ ဌာနေတိုင်းရင်းသား ယဉ်ကျေးမှုအနုပညာတခု ဖြစ်ပါတယ်။
ဘိုလီးဗီးယားနိုင်ငံက ဌာနေတိုင်းရင်းသား ယဉ်ကျေးမှုတွေထဲကမှ အထူးသဖြင့် အေမာရာ ယဉ်ကျေးမှုနဲ့ အထူးအားဖြင့် ဆက်နွှယ်နေပါတယ်။
အရင်တုန်းကတော့ တာကာပုလွေ လိုမျိုး လေမှုတ်တူရိယာတွေကို အမျိုးသားတွေကပဲ တီးမှုတ်ခွင့်ရှိခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ကျား၊ မ မရွေး တီးမှုတ်ခွင့်ရှိလာပြီ ဖြစ်ပါတယ်။
တာကာပုလွေကို မိုးရာသီမှာ တီးမှုတ်သလို သီးနှံရိတ်သိမ်းတဲ့ ကာလမှာလည်း တီးမှုတ်လေ့ ရှိပါတယ်။
Source: Reuters