DVB Logo
Home
နိုင်ငံတကာ
AI ရန်မှ ကာကွယ်ပေးရန် ဗြိတိန်ဝန်ကြီးချုပ်ထံ အနုပညာရှင်များ လက်မှတ်ထိုးတောင်းဆို
DVB
·
May 12, 2025
AI ရန်မှ ကာကွယ်ပေးရန် ဗြိတိန်ဝန်ကြီးချုပ်ထံ အနုပညာရှင်များ လက်မှတ်ထိုးတောင်းဆို
Donate to DVB

အသိဉာဏ်တု (AI) နည်းပညာရန်ကနေ အနုပညာရှင်တွေကို ကာကွယ်ပေးဖို့အတွက် ဥပဒေ ယိုပေါက်တွေကို ကိုင်တွယ်ပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကို အဆိုတော်၊ စာရေးဆရာ၊ မီဒီယာအဖွဲ့အစည်းနဲ့ အနုပညာအဖွဲ့အစည်း ရာနဲ့ချီပြီးတော့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။

အနုပညာရှင်တွေထဲမှာ အယ်လ်တန်ဂျွန်၊ ပေါလ်မက်ကာတနေ၊ Coldplay ၊ Dua Lipa စတဲ့ နာမည်ကျော်တွေ ပါဝင်သလို ဒီဇိုင်နာတွေ၊ ဗြိတိန်နာမည်ကျော် သတင်းစာကြီးတွေလည်း ပါဝင်ပါတယ်။

ဒီစာကို AI  နဲ့ AI ကုမ္ပဏီရဲ့ ရန်ကနေ မူပိုင်ခွင့်စည်းမျဉ်းတွေ ကာကွယ်ပေးဖို့ လှုံ့ဆော်နေတဲ့ ရုပ်ရှင် ဒါရိုက်တာ ဘီးဘန် ကစ်ဒရွန်က ထုတ်ပြန်ခဲ့တာပါ။ 

ဒေတာ (အသုံးပြုမှုနှင့် ထိတွေ့ရယူမှု) ဆိုင်ရာ ဥပဒေကြမ်း ပြင်ဆင်ချက်တွေကို ထောက်ခံပေးဖို့လည်း ဝန်ကြီးချုပ်ကို တိုက်တွန်းထားပါတယ်။

မူပိုင်ခွင့်ပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ လက်ရာတွေကို အသုံးပြုပြီး AI မိုဒယ်တွေကို လေကျင့်ပေးတာနဲ့ ပတ်သက်ပြီး developer တွေဘက်က ပွင့်လင်းမြင်သာမှုရှိစေရေး သေချာစေဖို့အတွက် ပြင်ဆင်ချက်တွေ ထည့်ဖို့တောင်းဆိုထားပါတယ်။

နည်းပညာလုပ်ငန်းတွေအနေနဲ့ အနုပညာလက်ရာတွေကို အသုံးပြုပြီး AI မိုဒယ်တွေကို လေ့ကျင့်ပေးတာကို ခွင့်ပြုဖို့အတွက် ဗြိတိန်ရဲ့ မူပိုင်ခွင့်ဥပဒေတွေ ပြင်ဆင်ဖို့ စီစဉ်နေချိန်မှာ အခုလှုပ်ရှားမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

ဂီတပညာရှင် ၁၀၀၀ ကျော် ပါဝင်တဲ့ တိတ်ဆိတ် အယ်လ်ဘမ် တခုကိုလည်း ဖေဖော်ဝါရီလက ထုတ်ဝေပြီး ကန့်ကွက်ခဲ့ကြပါသေးတယ်။

စတာမာဟာ ဗြိတိန်ကို AI အင်အားကြီးနိုင်ငံဖြစ်လာဖို့ ကြိုးစားနေတဲ့အတွက် ဥပဒေတွေ ဖြေလျှော့ပေးဖို့ စီစဉ်နေချိန်မှာ အခုလို ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတာပါ။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013