DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာ အနုပညာရှင်များ ပူးပေါင်းပြီး ချင်းမိုင်တွင် အနုပညာပြပွဲကျင်းပ (ဓာတ်ပုံ) 
DVB
·
June 29, 2026
ထိုင်း-မြန်မာ အနုပညာရှင်များ ပူးပေါင်းပြီး ချင်းမိုင်တွင် အနုပညာပြပွဲကျင်းပ (ဓာတ်ပုံ) 
1 / 11
Photo: DVB
Donate to DVB

မြန်မာနဲ့ ထိုင်းအနုပညာရှင်တွေ ပူးပေါင်းကျင်းပတဲ့ ဒီအနုပညာပြပွဲ SCARR – Resilience Arts Exhibition ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန် ၂၇ ရက်မှ ၂၈ ရက်ထိ ၂ ရက်ကြာ ကျင်းပခဲ့ပါတယ်။

ဒီအနုပညာပြပွဲကတော့ တော်လှန်ရေး ၅ နှစ်တာအတွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ အမာရွတ်တွေကို တောင့်ခံရင်း ကြံ့ကြံ့ခံနိုင်စွမ်း resilience အဖြစ် ပြောင်းလဲပုံဖော်ပြီး အားသစ်လောင်းတဲ့ အဓိပ္ပာယ်ဆောင်တဲ့ အနုပညာရှင်ပေါင်းများစွာရဲ့ မတူညီတဲ့ အမြင်တွေ၊ ဖန်တီးမှုတွေကို ပြသခဲ့ကြတာပါ။

ဒီအနုပညာပြပွဲကိုတော့ ပြည်ပရောက် မြန်မာအနုပညာသမားတွေ အနုပညာအလုပ်တွေ ဆက်လုပ်နိုင်ဖို့ ကူညီပေးနေတဲ့ Artists' Shelter, Chiang Mai Performing Arts Festival, Friends Without Borders Foundation နဲ့ Blank Space Theatre တို့က ပူးပေါင်းပြုလုပ်တာလည်း ဖြစ်ပါတယ်။

Artists' Shelter က တာဝန်ရှိသူတယောက်က “ကျနော်တို့က ဒီခံနိုင်ရည်ရှိမှုတွေကို ကျော်လည်း ကျော်ဖြတ်ခဲ့ပြီးပြီ၊ ဆက်လက်ပြီးတော့လည်း ကျော်ဖြတ်နေတယ်။ ကျနော်တို့ ဒဏ်ရာဒဏ်ချက်တွေကတော့ ဆက်ပြီးတော့လည်း ရှိဦးမယ်ပေါ့နော်၊ အဲဒီဟာတွေအပေါ်မှာလည်း ကျနော်တို့က ရှေ့ဆက်ပြီးတော့ မယိုင်မလဲ ရှေ့ဆက်ပြီး သွားဦးမယ်ဆိုတဲ့ သတင်းစကားမျိုးကိုလည်း ဒီပွဲကနေ ကျနော်တို့ ပေးချင်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီပြပွဲမှာ Anatomy of a Scar နဲ့ Samsara ဆိုတဲ့ Digital Art လက်ရာ ၂ ခုကို ဝင်ရောက်ပြသခဲ့တဲ့ ဟယ်ရီက “ပုံဆွဲတာကို အရင်က အရမ်း ကြိုက်ခဲ့တယ်ပေါ့နော်။ အရမ်းဝါသနာလည်း ပါခဲ့တယ်။ ဒါပေမဲ့ ဒီကာလထဲမှာကျတော့ အမှန်တိုင်း ပြောရရင် တချို့ပုံတွေဆိုရင် အမှန်တိုင်း ပြောရရင် စိတ်ထဲကတော့ မဆွဲချင်နေဘူးပေါ့နော်။ ကိစ္စတွေက အချို့ကိစ္စတွေက အရမ်းဆိုးရွားတော့ မဆွဲချင်ဘူး။ ဒါပေမဲ့လည်း ကမ်ပိန်းတွေအတွက် ဆွဲရတာမျိုး ရှိတယ်။ အဲဒီမှာ ကြာလာတော့ ဒီကိစ္စအဝဝကို စိတ်ညစ်ရတယ်၊ စိတ်ညစ်ညူးရတဲ့အပြင်ကိုမှ ပုံဆွဲတာကိုပါ ထိခိုက်လာတာပေါ့နော်။ အဲဒီကျတော့ ဘာဖြစ်လဲဆိုတော့ အဲလိုမျိုး ကိုယ်ပိုင်ပရောဂျက်လေးတွေ လုပ်ဖို့ကလည်း အမှန်တိုင်း ပြောရင် ကျနော်တို့ဆီမှာ လိုအပ်နေတာကိုး။ အဲဒီတော့ ဒီမှာ ကိုယ်ပိုင် ခံစားချက်လေးတွေကို ထုတ်ဖော်ခွင့်ရတော့ နည်းနည်းတော့ စိတ်ထဲမှာ ပေါ့သွားတာပေါ့” လို့ ပြောပါတယ်။

ပြပွဲမှာပါဝင်ပြသထားတဲ့ လက်ရာတွေထဲ အမျိုးအစားစုံလင်စွာ ပါဝင်ပြီး မြန်မာအနုပညာရှင်ပေါင်း အယောက် ၂၀ ပါဝင်ပြသခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အနုပညာလက်ရာတွေအပြင် မြန်မာအစားအစာတွေကိုလည်း ရောင်းချခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013