DVB Logo
Home
မြန်မာသတင်း
မင်းပြား သက်ငယ်မုဒိမ်းမှု အကြီးမားဆုံး ပြစ်ဒဏ်ချမှတ်ရန် ရခိုင်အရပ်ဘက်အဖွဲ့များ တောင်းဆို
DVB
·
May 12, 2025
မင်းပြား သက်ငယ်မုဒိမ်းမှု အကြီးမားဆုံး ပြစ်ဒဏ်ချမှတ်ရန် ရခိုင်အရပ်ဘက်အဖွဲ့များ တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုမှာ ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်လျှော့ လွတ်ငြိမ်းခွင့်မပေးဘဲ ဥပဒေအောက်မှာ အကြီးမားဆုံးသော ပြစ်ဒဏ်ကို ချမှတ်ပေးဖို့ ရခိုင်ပြည်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၂ ခုက မေ ၁၁ ရက်မှာ ပူးတွဲထုတ်ပြန် တောင်းဆိုပါတယ်။

ဖားပြိုကျေးရွာမှာ မေ ၆ ရက်က အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် တယောက်ကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ရုပ်အလောင်းကိုလည်း သစ်ပင်တပင်မှာ လည်ပင်းကြိုးကွင်းစွပ်ပြီး တန်းလန်းထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မုဒိမ်းကျင့် သတ်ဖြတ်မှုမှာ လူမဆန်သော ကြောက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်ပြီး အပြစ်မဲ့ အမျိုးသမီးငယ် မိသားစုသာမက၊ လူအဖွဲ့အစည်းတရပ်လုံးကို ခြိမ်းခြောက်နေတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတခုအပြင် ရခိုင်ဒေသနေ လူထုတရပ်လုံးကို တုန်လှုပ်ချောက်ချားစေပြီး ကိုယ်ကျင့်တရားဆိုင်ရာအားဖြင့် ဆိုးရွားပြင်းထန်သော ဒဏ်ရာတခုအဖြစ် မှတ်တမ်းတင် ကျန်ခဲ့တယ်လို့ ဆိုထားပါတယ်။ 

ရခိုင်ဒေသနေ ဘယ်ကလေးသူငယ်မှလည်း အခုလို ဆိုးရွားပြင်းထန် ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်မကြုံတွေ့သင့်ဘူးလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

အခုလို အရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စတွေ တရားမျှတမှု ရရှိရေးအတွက် တိတ်ဆိတ်တာ၊ နှောင့်နှေးတာ၊ ဒါမှမဟုတ် လျစ်လျူရှုတာ မဖြစ်စေသင့်ကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

အဲဒီမိန်းကလေးငယ် အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိသူအဖြစ် ဖားပြိုကျေးရွာနေ အသက် ၃၀ အရွယ်အမျိုးသား တယောက်ကို အာရက္ခတပ်တော်က ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုတဲ့ အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်တွင်းက အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့တို့ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013