DVB Logo
Home
မြန်မာသတင်း
ကျောက်ထုတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထောင်ချီ ထွက်ပြေးနေရ
DVB
·
May 12, 2025
ကျောက်ထုတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထောင်ချီ ထွက်ပြေးနေရ
Donate to DVB

မကွေးတိုင်း၊ ကျောက်ထုနယ်ထဲက ကျေးရွာတွေကို မေလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ထောင်ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုဘကောင်းက “ကျနော်တို့ ယောဒေသက ကျောက်ထုနယ်ထဲကို အခု မေလ အစကတည်းက ဆက်တိုက်ဗုံးကြဲနေလို့ ဗုံးကြဲခံရတဲ့ ကျေးရွာတွေက ပြည်သူတွေနဲ့ အနီးအနားဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ ထောင်ချီပြီး ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

မေ ၁ ရက်ကနေ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောက်ထုနယ်ထဲက ကံကြီး၊ ကြန်တော၊ မြို့ပေါက်၊ ချောင်းကူး၊ တောင့်ထက်၊ ရေရှင်၊ ပေါက်ခေါင်း၊ ယောမြို့၊ ရင့်ရဲနဲ့ ပြင်လယ်ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြရပြီး ပြည်သူထိခိုက်တဲ့ အခြေအနေနဲ့ လူနေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးတဲ့ အခြေအနေကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဆောမြို့နယ် ပကဖ တာဝန်ခံ ကိုနိုဘယ်က “ဒီဘက်နယ်ကို ဗုံးလာလာကြဲနေတဲ့ စကစလေယာဥ်တွေက Y12 လေယာဥ်တွေနဲ့ ဂျက်ဖိုက်တာတွေ။ တံတားဦးလေတပ်ဘက်က တက်လာတာ များတယ်။ ဗုံးကြဲသွားတဲ့ နေရာတွေ အများစုက တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ အကြဲခံလိုက်ရတာ ဖြစ်တယ်။ ကျနော်တို့ ယောနယ်အများစုကို ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အဖြတ်ခံထားရတော့ ပြည်သူတွေဆီကို လေကြောင်းအန္တရာယ် ကြိုတင်သတင်းပို့ပေးဖို့ အခက်အခဲရှိသလို မြေပြင်သတင်းရဖို့လည်း အခက်အခဲရှိနေတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း လေကြောင်းရန်ကာကွယ်နိုင်မယ့် ဗုံးခိုကျင်းတွေ အခိုင်အမာတူးကြဖို့နဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ လေကြောင်းရန် သတင်းအချက်အလက်တွေ ရယူကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မေ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေး ကာလအဖြစ် ထပ်မံသက်တမ်းတိုးထားပေမဲ့လည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကတော့ နေ့စဥ်နဲ့အမျှ လုပ်ဆောင်နေလို့ အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာ ရကြသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013