
ဂျပန် အီလက်ထရွန်နစ်ကုမ္ပဏီကြီး Panasonic ဟိုးဒင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာ ဝန်ထမ်းအယောက် ၁၀,၀၀၀ လျှော့ချဖို့ စီစဉ်ထားတယ်လို့ ကြေညာလိုက်ပါတယ်။
ဂျပန်နိုင်ငံထဲက ဝန်ထမ်း ၅,၀၀၀ နဲ့ နိုင်ငံရပ်ခြားက ဝန်ထမ်း ၅,၀၀၀ ကို လျှော့ချမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးပတ်ဝန်းကျင်မှာ သိသာတဲ့အပြောင်းအလဲတွေကို တုံ့ပြန်ဖို့ရည်ရွယ်တဲ့ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တစိတ်တပိုင်းဖြစ်တယ်လို့ Panasonic က ပြောပါတယ်။
လုပ်သားအင်အား လျှော့ချတာအပြင် Panasonic ဟာ ဆုံးရှုံးမှုဖြစ်စေတဲ့လုပ်ငန်းတွေကို ရုပ်သိမ်းဖို့၊ ပိတ်ပစ်ဖို့စီစဉ်ပြီး ဖြတ်လမ်းလုပ်ဆောင်ချက်တွေကို ချောမွေ့အောင် ပေါင်းစပ်လုပ်ဆောင်ဖို့ကိုလည်း စီစဉ်ထားပါတယ်။
ဘဏ္ဍာရေးနှစ် ၂၀၂၄ ဝင်ငွေအစီရင်ခံစာအရ Panasonic ဟာ ဝင်ငွေ ယန်း ၈ ဒသမ ၄၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၅၄ ဘီလီယံလောက်) ကို အစီရင်ခံတင်ပြခဲ့ပြီး အရင် ဘဏ္ဍာရေးနှစ်ထက် ၀.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။
အမြတ်ငွေက တနှစ်ကို ၁၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ယန်း ၃၆၆ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ) ကျဆင်းသွားခဲ့ပါတယ်။
Panasonic ဟာ ကမ္ဘာတဝန်းမှာ ဝန်ထမ်းပေါင်း ၂၂၈,၀၀၀ ရှိတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
Source: Reuters