ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မေလ ၁၀ ရက်မှာကျရောက်တဲ့ ဗာရာဏသီနေ့ ခေါ် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် တောင်တက်ပွဲ ကျင်းပခဲ့ပါတယ်။
တောင်တက်ပွဲကို ညနေ ၆ နာရီလောက်ကစပြီး တညလုံးတက်နိုင်ပြီး ချင်းမိုင်တိရစ္ဆာန်ရုံကနေ ဒွိုင်ဆူထပ်တောင်ပေါ် စေတီရှိရာကို ထိုင်းနိုင်ငံက ပြည်သူတွေနဲ့အတူ နိုင်ငံတကာက ခရီးသွားတွေလည်း တောင်တက်ကြပါတယ်။
တောင်တက်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပရင်း တောင်ပေါ်က ဘုရားတွေကို တက်ရောက်ဖူးမြော်ဖို့ သွားကြတဲ့သူတွေနဲ့ လူစည်ကားနေပါတယ်။
တောင်တက်လမ်းတလျှောက်က လမ်းခုလတ်မှာ စတုဒိသာကျွေးတာတွေလည်းရှိပြီး တောင်တက်ခရီးက ၁၁ ကီလိုမီတာခန့် ဝေးပေမယ့် တက်ရောက်ကြပါတယ်။