DVB Logo
Home
မြန်မာသတင်း
ချောင်းဦးကို စစ်တပ်ဗုံးကြဲ၊ မောင်ရင်လောင်းနှင့်ဖခင်အပါအဝင် ၃ ဦးသေဆုံး
DVB
·
May 10, 2025
ချောင်းဦးကို စစ်တပ်ဗုံးကြဲ၊ မောင်ရင်လောင်းနှင့်ဖခင်အပါအဝင် ၃ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အနိမ့်ရွာ ခေါ်  သုံးပန်လှရွာကို စစ်တပ်က မေ ၁၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ မောင်ရင်လောင်းနဲ့ အဖေဖြစ်သူအပါအဝင် ၃ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၂၀ မမ ဗုံးသီး ၂ လုံးကြဲချခဲ့တာဖြစ်ပြီး အိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အနိမ့်ရွာသားတယောက်က “မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေတက်လာပြီး ကျနော်တို့ရွာကို ကြဲချတာ။ ချတဲ့နေရာက ရွာတောင်ပိုင်းက ဘုရားစေတီနဲ့ ဆေးရုံကြားကို ချသွားတာ။ အဲမှာက ဈေးဆိုင်တွေလည်းရှိတယ်။ လူစည်ရာကို ချတဲ့သဘောဗျ။ သေတာက မောင်ငနန်း၊ မောင်ဖိုးဆင်နဲ့ အသက် ၁၃ နှစ်အရွယ်တဦး၊ စုစုပေါင်း ၃ ဦးပါ။ နေရာတင်ပွဲချင်းပြီး သေဆုံးတာ။ ကျန်တဲ့ တယောက်ကလည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ဆေးရုံကိုတော့ သွားပို့ကြတယ်။ သေမလား၊ ရှင်မလားတော့ မသိရသေးဘူး။ နောက်ထပ်ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသေးတယ်။ လူနေအိမ်တွေလည်း ပျက်စီးတာတွေတော့ ဖြစ်တယ်ဗျ။ အရေအတွက်ကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

မောင်ရင်လောင်းနဲ့ အသက် ၃၀ အရွယ် သူ့အဖေ၊ သူ့အဖေရဲ့ မိတ်ဆွေဖြစ်သူတို့ နေရာမှာတင်သေဆုံးခဲ့ပြီး မောင်ရင်လောင်းရဲ့ အမေနဲ့ညီမ၊ နောက်အမျိုးသားတယောက်တို့ကတော့ ဒဏ်ရာရသွားတယ်လို့ ချောင်းဦးမြို့နယ် ပအဖ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဟာ ငလျင်ကူညီကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်ဖို့ဆိုပြီး အပစ်အခတ် ယာယီရပ်စဲရေး ထုတ်ပြန်ထားပေမဲ့ မြေပြင်မှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုပြီး ထပ်တိုးလုပ်ဆောင်နေပါတယ်။

ချောင်ဦးမြို့နယ် PDF အဖွဲ့ဝင်တယောက်က “ကျနော်တို့ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေယာဉ်အပါဝင် စက်တပ်လေထီးရန်ကို အလူးအလဲ ခံနေကြရတယ်။ ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို ဒီစစ်ကောင်စီက မတရားသဖြင့်ကို ဗုံးကြဲနေတာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်တပ်နဲ့ သက်ဆိုင်ရာ လေယာဉ်တွေလာတာမြင်တာနဲ့  ဘေးကင်းလုံခြုံရာကိုနေကြဖို့လည်း အသိပေးချင်ပါတယ်” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ် သုံးပန်လှရွာကို ပြီးခဲ့တဲ့ ဧပြီ ၆ ရက် ည ၁၁ နာရီဝန်းကျင်လောက်ကလည်း စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မောင်နှမ ၃ ယောက် သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013