DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်တွင် စစ်တပ်၏ချောင်းမြောင်းပစ်ခတ်ခံရပြီး PDF ရဲဘော် ၁ ဦးကျဆုံး
DVB
·
May 10, 2025
ချောင်းဦးမြို့နယ်တွင် စစ်တပ်၏ချောင်းမြောင်းပစ်ခတ်ခံရပြီး PDF ရဲဘော် ၁ ဦးကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မေ ၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ချောင်းမြောင်းပစ်ခတ်ခံရလို့ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်အခြေစိုက် ပကဖ တာဝန်ရှိသူတယောက်က “အဲဒီရဲဘော်လေးက လုံခြုံရေးတာဝန်ဆောင်ဖို့ တာဝန်ကျတဲ့နေရာသွားတဲ့အချိန် မုံရွာ-စစ်ကိုင်းကားလမ်းမပေါ်မှာ စစ်တပ်ကင်းပုန်းက ချောင်းပြီး အပစ်ခံလို့ကျဆုံးခဲ့ရတာပါ” လို့ ပြောပါတယ်။

ကျဆုံးသွားခဲ့တဲ့ တော်လှန်ရေးရဲဘော်ဟာ ချောင်းဦးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုက တပ်ဖွဲ့ဝင်ရဲဘော်ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်မသယ်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီထောက်ခံသူတွေကတော့ မုံရွာ-စစ်ကိုင်းကားလမ်းပေါ်မှာ PDF တွေကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး PDF အလောင်း ၁ လောင်း၊ M 22 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၄ တောင့်၊ စကားပြောစက် ၁ လုံး၊ ဆိုင်ကယ် ၃ စီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ တယ်လီဂရမ်ချယ်နယ်တွေကနေ ဖော်ပြနေကြပါတယ်။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတယောက်က “မုံရွာ-စစ်ကိုင်းကားလမ်းပေါ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ရဲဘော် ၁ ယောက်အပစ်ခံရလို့ကျဆုံးသွားတယ် ဆိုတာကတော့ မှန်ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို မြေပြင်စုံစမ်း​မှုတွေလုပ်နေလို့ အတိအကျမပြောနိုင်သေးတာပါ။ အဲဒီကားလမ်းပေါ်မှာကတော့ စစ်တပ်ဘက်က ဂိတ်စခန်းတွေ၊ ကင်းပုန်းတွေရှိနေပြီး ခရီးသွားမော်တော်ယာဉ်တွေကို ခြိမ်းခြောက်အကြပ်ကိုင် ငွေတောင်းတဲ့ဖြစ်စဉ်တွေ မကြာခဏတော့ဖြစ်နေတယ်။ စစ်တပ်ဘက်က တိုက်ခိုက်ခံရတာတွေလည်းရှိတယ်” လို့ DVB ကို ပြောပါတယ်။

မုံရွာ-စစ်ကိုင်းကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့လည်း မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013