DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယနှင့် ပါကစ္စတန် စစ်စခန်းများကို အပြန်အလှန်တိုက်ခိုက်
DVB
·
May 9, 2025
အိန္ဒိယနှင့် ပါကစ္စတန် စစ်စခန်းများကို အပြန်အလှန်တိုက်ခိုက်
Donate to DVB

အိန္ဒိယနိုင်ငံက စစ်အခြေစိုက်စခန်း ၃ ခုကို ဒရုန်းနဲ့ ဒုံးကျည်တွေသုံးပြီး ပါကစ္စတန်က တိုက်ခိုက်ခဲ့တယ်လို့ မေ ၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

လွန်ခဲ့တဲ့ ကြာသပတေးနေ့ ညနေပိုင်းက ကက်ရှ်မီးယားဒေသရဲ့ အိန္ဒိယဘက်ခြမ်း ဂျမူးမြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသတခုလုံးကို လျှပ်စစ်မီး ပြတ်တောက်စေခဲ့ပါတယ်။

အဲဒီနောက် အိန္ဒိယထိန်းချုပ်ထားတဲ့ ဂျမူးနဲ့ အူဒမ်ပူမြို့ အပါအဝင် ပန်ဂျပ်ပြည်နယ်ထဲက ပထန်ကော့တ်မြို့မှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေအပေါ် ပါကစ္စတန်ရဲ့ တိုက်ခိုက်လာမှုကို တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆယ်စုနှစ် ၂ ခုကျော်အတွင်း နှစ်နိုင်ငံကြား အဆိုးရွားဆုံး ပဋိပက္ခ ဖြစ်လာခဲ့တယ်ဆိုပြီး ရှုမြင်ထားကြပါတယ်။ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးကတော့ အဲဒီတိုက်ခိုက်မှုကို ပါဝင်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

မေ ၇ ရက်နေ့မှာ အိန္ဒိယရဲ့တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက တင်းမာမှုလျှော့ချရေးနဲ့ တည်ငြိမ်စွာ ဖြေရှင်းရေးအတွက် နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပါတယ်။

ပါကစ္စတန်ဘက်ကလည်း အိန္ဒိယရဲ့ ဒရုန်း ၂၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ အစောပိုင်းမှာ အတည်ပြုပါတယ်။

အိန္ဒိယဘက်ကတော့ အလားတူ တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ်အထိ အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန်ဘက်က လူ ၃၁ ယောက် သေဆုံးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်‌။

ပါကစ္စတန်ကလည်း အိန္ဒိယဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အိန္ဒိယရဲ့  ကနဦးတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့လက နိုင်ငံသားအများစု ပါဝင်ပြီး ခရီးသွား ၂၆ ယောက်ကို သေဆုံးစေခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုအပေါ် တုံ့ပြန်တာဖြစ်တယ်လို့ ပြောကြားပါတယ်။

အဲဒီတိုက်ခိုက်မှု နောက်ကွယ်က အဖွဲ့အစည်းကို အစောပိုင်းမှာ မဖော်ပြခဲ့ပေမဲ့လည်း မေ ၇ ရက်နေ့မှာတော့ ပါကစ္စတန်အခြေစိုက် လက်ရှ်ကာ-အီ-တိုင်ဘာ စစ်သွေးကြွအဖွဲ့ဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။

ပါဟယ်လ်ဂမ်မြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပါဝင်သူ ၂ ယောက်ဟာ ပါကစ္စတန်နိုင်ငံသားတွေ ဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပါကစ္စတန်ကတော့ ဧပြီ ၂၂ ရက် ဖြစ်ရပ်ကို သူတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ငြင်းဆန်ထားပါတယ်။ အိန္ဒိယအုပ်ချုပ်ရာ ကက်ရှ်မီးယားဘက်ခြမ်းက လက်နက်ကိုင်ပုန်ကန်မှုကို ဆယ်စုနှစ်များစွာ ကြာအောင် ရင်ဆိုင်ခဲ့ရတဲ့အပြင် လူထောင်ပေါင်းများစွာပါ သေဆုံးခဲ့ရပါတယ်။

၂ နိုင်ငံစလုံးက ကက်ရှ်မီးယား ဒေသတခုလုံးကို သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားကြပြီး အဲဒီအငြင်းပွားမှုအတွက် စစ်ပွဲ ၂ ကြိမ်တိုင်တိုင် ဆင်နွှဲခဲ့ကြဖူးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013