DVB Logo
Home
မြန်မာသတင်း
တနင်္သာရီနှင့် ကျွန်းစု တိုက်ပွဲတွင် ဗိုလ်မှူး ၁ ဦး အပါအဝင် အများအပြားသေဆုံး
DVB
·
May 9, 2025
တနင်္သာရီနှင့် ကျွန်းစု တိုက်ပွဲတွင် ဗိုလ်မှူး ၁ ဦး အပါအဝင် အများအပြားသေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်တွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဗိုလ်မှူးတယောက် အပါအဝင် အများအပြား ကျဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ၁ ယောက် ကျဆုံးသွားတယ်လို့ မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မေ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာက ရှေ့တန်းစခန်းနဲ့ တနင်္သာရီမြို့နယ်က ခမရ ၅၆၁ တပ်ရင်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ဝါရစ် ရှေ့တန်းစခန်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တယောက် ကျဆုံး၊ တယောက် ဒဏ်ရာပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က ဗိုလ်မှူးတယောက် အပါအဝင် ၂၀ ခန့် သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ ရဲ့ ပြန်ကြာရေးတာဝန်ခံ ကိုမျိုးကြီးက ဆိုပါတယ်။

“စကစဘက်က သေတဲ့သူတွေကို မဇောပြင်ကြီးရွာကနေ ကားနဲ့ မြိတ်ကို သယ်ဆောင်သွားတယ်။ ကျနော်တို့ဘက်ကို အလင်းလာဝင်ထားတဲ့ ရဲဘော်ကို ဖုန်းဆက်ပြီး မေးခိုင်းတော့ အလောင်းသယ်ပေးရတဲ့ ရဲတွေကတဆင့် အတည်ပြုလို့ရသွားတယ်။ ကျနော်တို့ဘက်ကကျတဲ့ ရဲ‌‌ဘော်ရဲ့ နာရေး ပြီးပြီ။ ကျန်တဦးက ဆေးရုံတင်ထားရတယ်။”

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျဆုံးသွားတဲ့ ဗိုလ်မှူးမြင့်ဝင်း ဆိုသူကို မြိတ်မြို့က မိသားစုဝင်တွေဆီ ပို့ဆောင်ခဲ့ပြီးနောက် နာရေးပြုလုပ်ပေးခဲ့ပြီး ဖြစ်တယ်လို့ မြိတ်မြို့ ဒေသခံပြည်သူတယောက်က အတည်ပြု ပြောဆိုပါတယ်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာက တိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက် ကျဆုံး၊ တယောက် ဒဏ်ရာရကာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ရဲ့ တာဝန်ခံ ကိုဇုံချမ်းက ပြောပါတယ်။

မေ ၆ ရက်က ဝါရစ် ရှေ့တန်းစခန်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အသုံးပြု တိုက်ခိုက်ပေးခဲ့တယ်လို့ဆိုကာ တိုက်ပွဲငြိမ်သက်ပြီး နောက်တရက်မှာ အဆိုပါ ရှေ့တန်းစခန်းကနေ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားတယ်လို့ စစ်ကြောင်း ၂ ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013