DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းသင်တန်းပါသည့်လူငယ်အချို့  ရှေ့တန်းအပို့ခံရပြီး အလောင်းပြန်မရ
DVB
·
November 2, 2026
Photo:  MOI
Photo:  MOI
Donate to DVB

စစ်အာဏာရှင်တပ်ရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာခံရတဲ့လူငယ်တချို့မှာ သင်တန်းတက်ပြီးနောက် တလအကြာမှာပဲ ရှေ့တန်းသို့ပို့ခံရကာ အလောင်းတောင် ပြန်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၂၆ နဲ့ ၂၇ ကလူငယ်တွေကို စစ်အာဏာရှင်တပ်က မိသားစု နဲ့အဆက် အသွယ်ဖြတ်တောက်ကာ ရှေ့တန်းကိုပို့ခဲ့တာဖြစ်ပြီး အများစုမှာ ရခိုင်ပြည်နယ်ကို ပို့ဆောင်ခံရတာလို့ သိရပါတယ်။

အဓမ္မစစ်မှုထမ်းခေါ်ခံရသူရဲ့ ‌မိသားစုဝင်တယေက်က “ကျမမောင်လေးကို စစ်မှုထမ်းစာရင်း ပါတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက လာပြောတယ်။ ကနဦး စာပို့တယ်။ အကြောင်းကြားတယ်ပေါ့။ နောက်တခေါက်ကျတော့ စစ်တပ်ပါ ခေါ်လာတယ်။ မဖြစ်မနေ စစ်မှုထမ်းရမယ် ဆိုပြီးတော့။ ရှေ့တန်းကို အပို့မခံရဘူး။ သင်တန်းတက်ပြီးရင်ပြီးပြီ။ အိမ်ပြန်လာရုံပဲဆိုပြီး ပြောတယ်။ ထွက်ပြေးရင် အိမ်ကို ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်း‌ခြောက်သွားတယ်။ ထည့်လိုက်ရတာပေါ့။ မနေ့က ရှေ့တန်းမှာ ကျသွားပြီ။ dead body အလောင်းတောင် ပြန်မရဘူးဆိုပြီး အကြောင်းကြားလာတယ်။ တကယ်ကို ရက်စက်လွန်းပါတယ်။ သူတို့ပြောတော့ သင်တန်းတက်ရုံပဲ ဆိုပြီး။ ခုတော့ မျက်နှာတောင် မမြင်လိုက်ရဘူး” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်း တိုက်ပွဲတွေပြင်းထန်နေပြီး ကျရှုံးနေတဲ့ စစ်တပ်က လိုအပ်နေတဲ့ စစ်တပ်အင်အားကို ဖြည့်တင်းဖို့အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဥပဒေပြဋ္ဌာန်းပြီးနောက် အပတ်စဉ်အလိုက် လူငယ်တွေကို ဆင့်ခေါ်နေတာပါ။ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အပတ်စဉ် ၂၈ အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်မှုထမ်း ဆင့်ခေါ်ခံရတဲ့ လူငယ်တွေဟာလည်း ယနေ့အချိန်ထိ နေအိမ်သို့ ပြန်လာနိုင်ခြင်း မရှိတော့ဘဲ အစအနပျောက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013