DVB Logo
Home
မြန်မာသတင်း
MNDAA ထိန်းချုပ်နယ်မြေ၌ တရုတ်ဖုန်းလိုင်းများ တပ်ဆင်ရန် ပြင်ဆင်
DVB
·
May 9, 2025
MNDAA ထိန်းချုပ်နယ်မြေ၌ တရုတ်ဖုန်းလိုင်းများ တပ်ဆင်ရန် ပြင်ဆင်
Donate to DVB

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်နယ်မြေတွေမှာ တရုတ်ဖုန်းလိုင်းတွေ ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံးပေါ်ဒေသခံ အမျိုးသမီးတယောက်က “တရုတ် ဖုန်းကြိုးတွေက ဆွဲထားပြီးပြီ။ ကတ်တွေ ရောင်းပေးမယ်ထင်တယ်။ ဘယ်တော့ ဝယ်လို့ရမလဲတော့ မသိဘူး” လို့ ပြောပါတယ်။

အဲဒီဒေသဘက်မှာ အခု မေ ၃ ရက်ကတည်းက တရုတ်ဖုန်းကြိုးဆွဲနေတာ တွေ့ရပြီး တရုတ်ဖုန်း သုံးရင်တော့ တရုတ်ငွေနဲ့ ငွေဖြည့်ရတာကြောင့် မြန်မာဖုန်းလိုင်းသုံးတာထက်တော့ ပိုကုန်ကျနိုင်တယ်လို့ ဒေသခံက  ပြောပါတယ်။

နမ့်စလပ်ဒေသခံ အမျိုးသားတယောက်က “ကွမ်းလုံ၊ သိန္နီတွေဘက်မှာ တရုတ်ဖုန်းလိုင်း သုံးလို့ရပြီ။ ကျနော် တရုတ် SIM ကတ် တမင်သက်သက် သွားမဝယ်သေးဘူး။ မေလ ၇ ရက်နေ့ မနက် ၁၀ နာရီကနေ သွားလျှောက်လို့ ရပြီပြောတယ်” လို့ ပြောပါတယ်။

Sim ကတ်တခု ကျပ် ၂၀,၀၀၀၊ ဖုန်းငွေက တလ တရုတ်ငွေ ယွမ် ၄၀ ကနေ ဝယ်ဖြည့်လို့ရပြီး တရုတ်ဖုန်းလိုင်း ရလာတာနဲ့ မြန်မာဖုန်းလိုင်းတွေ ဖုန်းလိုင်း လုံးဝမကောင်းတော့ဘူးလို့ ဆိုပါတယ်။

တရုတ်ဖုန်းလိုင်း ဆွဲထည့်ရတဲ့ ရည်ရွယ်ချက်က ကိုးကန့် MNDAA တပ်ဖွဲ့တွေဆီ သတင်းတွေ ကောင်းကောင်းစီးဆင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရ‌ကြောင်း ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအများစုမှာ မြန်မာဖုန်းလိုင်း မကြာခဏ ပျက်သွားလေ့ရှိတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် အပါအဝင် မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်စတဲ့ မြို့၊ မြို့နယ်တွေကို ကိုးကန့် MNDAA ဦးဆောင်တဲ့ တပ်ဖွဲ့တွေ သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီ မြို့တွေထဲက အများစုမှာ တရုတ်ဖုန်းတွေနဲ့ တရုတ်ငွေတွေသာ အသုံးပြုနေပြီးသား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013