DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်
DVB
·
May 9, 2025
အမေရိကန်ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်
Donate to DVB

၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်ကာဒီနယ် ရောဘတ်ပရီဗို့စ် ကို ပုပ် လီယို ၁၄ ဘွဲ့နဲ့ ရွေးချယ်လိုက်တယ်လို့ အမြင့်ဆုံးအဆင့် ကာဒီနယ်တယောက်ဖြစ်တဲ့ ဒိုမစ်နစ် မန်ဘာတီ က ကြေညာပါတယ်။

ပီရူးနိုင်ငံမှာ ကာလရှည် သာသနာပြုခဲ့တာကြောင့် ပီရူးနိုင်ငံသားပါဖြစ်နေတဲ့ ရဟန်းမင်းသစ်ဟာ လီယို ၁၄ ဆိုတဲ့ ဘွဲ့တော်ကို ခံယူမှာဖြစ်ပါတယ်။

ဆစ်စတင်း ဘုရားကျောင်းအတွင်း ကာဒီနယ်ကြီးတွေ လျှို့ဝှက်မဲခွဲမှု ဒုတိယမြောက်နေ့မှာပဲ ရဟန်းမင်းကြီးသစ်ကို ရွေးချယ်နိုင်ခဲ့တာပါ။ 

သက်တော် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ် ရောဘတ်ပရီဗို့စ်ဟာ အမေရိကန်နိုင်ငံသားတယောက် ဖြစ်ပေမဲ့ ပီရူးက သာသနာပြုလုပ်ငန်းတွေမှာပဲ နှစ်မြှုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ကမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ်ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး မီဒီယာနဲ့ပြောဆိုဆက်ဆံတာနည်းသလို လူမြင်ကွင်းမှာလည်း စကားပြောခဲသူဖြစ်ပါတယ်။

ရှီကာဂိုမှာမွေးတဲ့ ရဟန်းမင်းအသစ်ဟာ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ၁၂ နှစ်တာ သက်တမ်းအတွင်းမှာ အထောက်အကူပြုခဲ့သူဖြစ်ပါတယ်။

လူမှုတရားမျှတမှု ကိစ္စတွေမှာ အဓိကပါဝင်ကူညီခဲ့သူဖြစ်ပြီး ပရီဗို့စ်ဟာ ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း ချီကလာယိုမှာ ၂၀၁၅ ခုကနေ ၂၀၂၃ ခုအထိ ဘိရှော့ ဆရာတော် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

၂၀၂၃ မှာပဲ ကမ္ဘာတလွှားမှာ ကက်သလစ်ဘိရှော့ဆရာတော်တွေအဖြစ် ထမ်းဆောင်ရမဲ့ ဘုန်းတော်ကြီးတွေကို ရွေးချယ်တဲ့ ဌာနကိုကြီးကြပ်ဖို့ ပုပ် ဖရန်စစ်က ပရီဗို့စ်ကို ဗာတီကန်စီးတီးဆီကို ခေါ်ယူခဲ့ပါတယ်။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းအဖြစ် ရွေးချယ်ခံရတဲ့အပေါ် “ပုပ်ရဟန်းမင်းအဖြစ် ရွေးချယ်ခံရတဲ့ ကာဒီနယ် ရောဘတ်ဖရန်စစ်ပရီဗို့စ်ကို ဂုဏ်ပြုပါတယ်။ သူဟာ ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းဖြစ်တယ်ဆိုတာ သိရတာက အရမ်းဂုဏ်ယူစရာပါ” လို့ သူ့ရဲ့ Truth ဆိုရှယ်ပလက်ဖောင်းမှာ ရေးသားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013