DVB Logo
Home
Lead Story
ဆန္ဒပြသူ ၄၀,၀၀၀ ကျော် အီရန်သတ်ခဲ့သည့်ကိစ္စ ပုပ်ရဟန်းမင်းကြီးကိုပြောပေးပါဟု ထရမ့်ပ် ပြော
DVB
·
April 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဆန္ဒပြသူ အယောက် ၄၀,၀၀၀ ကျော် သတ်ခဲ့တာနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး လီယိုကို တယောက်ယောက်က ကျေးဇူးပြုပြီး ပြောပေးပါဦးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောလိုက်ပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံ နျူကလီးယားဗုံးပိုင်ဆိုင်တာကို လက်မခံနိုင်ဘူးလို့ ပုပ်ရဟန်းမင်းကြီးရဲ့ ဝေဖန်မှုကို ထရမ့်ပ်က ထပ်မံတုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ထရမ့်ပ်က “အီရန်မှာ အပြစ်မရှိတဲ့၊ လက်နက်မပါတဲ့ဆန္ဒပြသူ ၄၂,၀၀၀ ကို ပြီးခဲ့တဲ့ ၂ လ က သတ်ပစ်ခဲ့တာနဲ့ ပတ်သက်လို့ ပုပ်လီယိုကို တယောက်ယောက်က ကျေးဇူးပြုပြီး ပြောပြပေးပါ”လို့ ပြောပါတယ်။

အီရန်လိုနိုင်ငံမျိုး နျူကလီးယားဗုံးပိုင်ဆိုင်ဖို့ လုံးဝလက်ခံနိုင်စရာမရှိပါဘူးလို့လည်း ထရမ့်ပ်က ဆိုရှယ်မီဒီယာ Truth မှာ ပြောဆိုထားပါတယ်။

ပထမဆုံးအမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ပုပ်ရဟန်း မင်းကြီး လီယို ၁၄ က အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာကြောင့် ထရမ့်ပ်က ထပ်မံတုံ့ပြန် ပြောဆိုခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး အစိုးရက အင်အားသုံးကိုင်တွယ်ခဲ့လို့ ဆန္ဒပြသူတွေအမြောက်အမြား သေဆုံးခဲ့ရပါတယ်။ 

အီရန်မှာ ဆန္ဒပြပွဲတွေဖြစ်အောင် ရန်သူတွေက နောက်ကွယ်ကနေ လှုံဆော်ခဲ့တယ်လို့လည်း အီရန်က စွပ်စွဲခဲ့ဖူးပါတယ်။ 

ပုပ်ရဟန်းမင်းကြီးကတော့ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခမြင့်တက်နေမှုတွေကို ရှုတ်ချ ထားပြီး စစ်ပွဲအရှိန်တွေ လျော့ချဖို့ လူထုနဲ့နဲ့ တွေ့ချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ကာ အီရန်က အစ္စရေးနဲ့ အမေရိကန်အခြေစိုက်တပ်ဖွဲ့ဝင်တွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံကလည်း လက်ဘနွန်ကို ထိုးစစ်ဆင်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။ 

Source: Reuters

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013