
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က မီးသတ်ဌာနတွေဟာ တောမီးကြိုတင်ပြင်ဆင်ရေး သီတင်းပတ်ရဲ့ တစိတ်တပိုင်းအဖြစ် အိမ်တွေ မီးလောင်ဒဏ် ခံနိုင်တာရဲ့ အရေးကြီးပုံကို သရုပ်ပြဖို့ မီးသတ်ဌာနတွေရဲ့ ရှေ့မှာ စုရုံးခဲ့ကြပါတယ်။
အီတွန်နဲ့ ပါလာဆေ့ထ် မီးလောင်မှုတွေကြောင့် အိမ်တွေ ရာထောင်ပေါင်းများစွာ ပျက်စီးသွားပြီးတဲ့နောက် နောက်ထပ်အန္တရာယ်များတဲ့ တောမီးရာသီအတွက် ပြင်ဆင်နေတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မီးဘေးသရုပ်ပြရာမှာ ကယ်လီဖိုးနီးယားပြည်နယ်နဲ့ ပုံမှန်နေရာတို့မှာ အိမ်ဆောက်ပုံကြား ခြားနားချက်ကို ပြသခဲ့ပါတယ်။
အထူးသဖြင့် အိမ်ပတ်လည်မှာ မီးတားဧရိယာ ပထမ ၅ ပေကို ခံနိုင်ရည်ရှိတဲ့နေရာနဲ့ ပေါင်းစပ်ထားရင် ကြီးမားတဲ့ ခြားနားမှုကို ဖြစ်စေတယ်လို့ ကယ်လီဖိုးနီးယား မီးသတ်အရာရှိ ဒယ်နီယယ် ဘားလန့်က ပြောပါတယ်။
သိပ္ပံသုတေသနကို အခြေခံပြီး ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ နေတဲ့သူတွေဟာ သူတို့ရဲ့ တနှစ်တာ မီးဘေးရာသီပေါ် မူတည်ပြီး နိုင်ငံရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေအတွက် မီးဘေး ကြိုတင်ပြင်ဆင်ရေး စံသတ်မှတ်ချက်ချဖို့ အလားအလာရှိတယ်လို့ စီးပွားရေးနဲ့ အိမ်ဘေးကင်းလုံခြုံရေး အာမခံဌာန (IBHS) အင်ဂျင်နီယာချုပ် အန်းန် ကုတ်ပ်က ပြောပါတယ်။
ဒေသခံတွေဟာ သူတို့ရဲ့ အိမ်ပတ်လည်မှာ ၅ ပေအကျယ် မီးတားဧရိယာ ကာကွယ်ရေးနေရာတခု ထူထောင်ခြင်း၊ မီးမလောင်နိုင်တဲ့ ရေမြောင်းတွေကို ရွေးချယ်ခြင်းနဲ့ သစ်သားခြံစည်းရိုးတွေကို ဖယ်ရှားခြင်းအားဖြင့် သူတို့အိမ်တွေ မီးဘေးမသင့်အောင် ကနဦး ပြင်ဆင်နိုင်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
Source: Reuters