DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ရွေးချယ်မှု ပထမနေ့တွင် အဖြေမထွက်ကြောင်း မီးခိုးမည်းဖြင့် အချက်ပြ
DVB
·
May 8, 2025
ပုပ်ရဟန်းမင်းကြီး ရွေးချယ်မှု ပထမနေ့တွင် အဖြေမထွက်ကြောင်း မီးခိုးမည်းဖြင့် အချက်ပြ
Donate to DVB

ပုပ်ရဟန်းမင်းကြီး ရွေးချယ်မှု ပထမနေ့ မေ ၇ ရက်မှာ ထောင်နဲ့ချီတဲ့ ကက်သလစ် သာသနာဝင်တွေဟာ စစ်စတင်း ဘုရားရှိခိုးကျောင်း မီးခိုးခေါင်းတိုင်က အချက်ပြမီးခိုးကို စိန့်ပီတာရင်ပြင်မှာ စုဝေးစောင့်ဆိုင်းခဲ့ကြပါတယ်။

စစ်စတင်းဘုရားကျောင်း မီးခိုးခေါင်းတိုင်ကနေ မီးခိုးမည်းနဲ့ အချက်ပြတဲ့အတွက် ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းသစ်ကို မရွေးနိုင်သေးဘူးလို့ နားလည်ရပါတယ်။ ရွေးနိုင်ပြီဆိုရင်တော့ မီးခိုးဖြူနဲ့ အချက်ပြမှာ ဖြစ်ပါတယ်။

ရေတွက်ပြီးတဲ့ မဲတွေကို မီးရှို့ဖျက်ဆီးတဲ့အချိန် လိုချင်တဲ့ မီးခိုးအရောင်ရအောင် ဓာတုဗေဒပစ္စည်း ထည့်ပြီးတော့ ရှို့တာဖြစ်ပါတယ်။

စုဝေးပြီးတော့ လျှို့ဝှက်မဲပေးခဲ့ကြတဲ့ ကာဒီနယ်ရဟန်းအမတ်ကြီး ၁၃၃ ပါးဟာ နောက်ရက်တွေမှာလည်း ရဟန်းမင်းသစ် မရွေးနိုင်မချင်း မဲဆက်ပေးကြရမှာ ဖြစ်ပါတယ်။

ကက်သလစ်သာသနာဝင် ၁ ဒသမ ၄ ဘီလီယံရဲ့ ဦးဆောင်သူ ပုပ်ရဟန်းမင်းသစ်ဖြစ်ဖို့ ကိုယ်စားလှယ်တယောက်တည်းက မဲအားလုံးရဲ့ သုံးပုံနှစ်ပုံ ရရှိဖို့ လိုအပ်ပါတယ်။

ရှေ့ပိုင်း ရဟန်းမင်းကြီး ၃ ဆက် ရွေးချယ်ခဲ့ရာမှာတော့ နှစ်ရက်ဝန်းကျင် ကြာမြင့်လေ့ရှိပါတယ်။

ဒီဘက်ခေတ်မှာ ပထမဆုံးနေ့၊ တကြိမ်တည်းမဲပေးမှုမှာတင် ရဟန်းမင်းသစ် ရွေးချယ်နိုင်လေ့ မရှိပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013