DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း လက်နက်ချ အလင်းဝင်လာသူ ၆၆ ဦးအထိ ရှိလာ
DVB
·
May 7, 2025
တပတ်အတွင်း လက်နက်ချ အလင်းဝင်လာသူ ၆၆ ဦးအထိ ရှိလာ
Donate to DVB

၂၀၂၅ ခုနှစ် ဧပြီ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်က လက်နက်ချ အလင်းဝင်လာတဲ့ စစ်သုံ့ပန်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၆၆ ယောက် ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင် (People Goal) က  မေ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဟားလီးကွေ့စခန်းသိမ်းတိုက်ပွဲမှာ ‘ငါမသေသရွေ့ တိုင်းပြည်မအေးချမ်းစေရ’ ဆိုတဲ့ ခေါင်းဆောင်လုပ်သူ ဗိုလ်ကြီးကို ကျန်နောက်လိုက်ငယ်သားတွေက ‘အသက်ကို ဉာဏ်စောင့်ကြောင်း’ သက်သေပြတဲ့အနေနဲ့ လက်နက်ချခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပတ်အတွင်း အလင်းဝင်လာသူ စုစုပေါင်း ၄၁ ယောက်အထိရှိတဲ့အထဲမှာ စစ်သား ၃၉ ယောက်၊ ရဲ တယောက်နဲ့ ပြည်သူ့စစ်တယောက် ပါရှိပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလင်းဝင်သူ ၄၁ ယောက်အထဲက ၂၁ ယောက်ဟာ အဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့ တပ်သားသစ်တွေ ဖြစ်ပါတယ်။

အလားတူ တပတ်အတွင်း လက်နက်ချအညံ့ခံသူ စုစုပေါင်း စစ်သား ၁၈  ယောက်နဲ့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၇ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခု ဇန်နဝါရီမှ ဧပြီအထိ ၄ လအတွင်းမှာ လက်နက်ချ အလင်းဝင်လာသူ စစ်သုံ့ပန်း စုစုပေါင်း ၁၀၄၁  ယောက်အထိ ရှိခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013