DVB Logo
Home
မြန်မာသတင်း
ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ခေါင်းဆောင် မော်စကို သွား  
DVB
·
May 7, 2025
ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ခေါင်းဆောင် မော်စကို သွား  
Donate to DVB

ဖမ်းဝရမ်းထုတ်ခံထားရတဲ့  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မေလ ၇ ရက် ဒီနေ့မနက်ပိုင်းက ရုရှားနိုင်ငံကို စတင်ထွက်ခွာသွားပြီလို့ စစ်ကောင်စီ မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ မော်စကိုမြို့မှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ ထွက်ခွာသွားတာပါ။

ဒီခရီးစဉ်မှာ ရုရှား-မြန်မာ ၂ နိုင်ငံ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေကို ဆွေးနွေးမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေအပါအဝင် ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်လို့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ခံရပြီးနောက်ပိုင်း ရုရှားကို သွားရောက်တဲ့ စစ်ခေါင်းဆောင်ရဲ့ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အခုတကြိမ် ရုရှားခရီးစဉ်မှာတော့ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနက ထိပ်ပိုင်းခေါင်းဆောင်တချို့ လိုက်ပါသွားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013