
ယူကရိန်းနိုင်ငံဟာ ချက်နိုင်ငံက ဦးဆောင်တဲ့ အစီအစဉ်အရ ၂၀၂၅ ခုနှစ်မှာ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေဆီကနေ ၁ ဒသမ ၈-မမ အပါအဝင် အမြောက်ကျည် ၃ သန်းရဖို့ မျှော်လင့်ထားတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ချက်သမ္မတနိုင်ငံရဲ့ မြို့တော် ပရပ်ဂ်မှာ မေ ၄ ရက်က ပြောပါတယ်။
“ချက်အမြောက်တပ်က ပြောင်ပြောင်မြောက်မြောက် ဆောင်ရွက်နေပါတယ်” လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ချက်အစိုးရဟာ နေတိုးမဟာမိတ်တွေက ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးထားတဲ့ အစီအစဉ်အရ ယူကရိန်းကို အမြောက်ကျည်တွေ ထောက်ပံ့ရေး တွန်းအားပေး ဆောင်ရွက်နေပါတယ်။
“မြောက်ကိုရီးယားကစစ်ပွဲမှာ ရုရှားကို ကူညီပေးနိုင်သလို ယူကရိန်းကို ကူညီနေတဲ့ မဟာမိတ်တွေလည်း ရှိပါတယ်” လို့ ဇလန်းစကီးက မှတ်ချက်ပြု ပြောခဲ့တဲ့အကြောင်း ကိယက်ဗ် အင်ဒီပန်းဒန့် သတင်းဌာနက ဖော်ပြပါတယ်။
အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ ကြေညာမှာဖြစ်ပြီး ချက် ကာကွယ်ရေးကုမ္ပဏီတွေနဲ့ မေ ၅ ရက်မှာ အစည်းအဝေးလုပ်မယ်လို့ ဇလန်းစကီးက ပြောပါတယ်။
လက်ရှိ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ယူကရိန်းမှာ ထူထောင်လို့မရတဲ့ ယူကရိန်း-ချက် F16 တိုက်လေယာဉ်မှူး လေ့ကျင့်ရေးကျောင်းကို ထူထောင်ဖို့ ဆွေးနွေးနေပါတယ်။
ဇလန်းစကီးဟာ ချက်သမ္မတနိုင်ငံ သမ္မတ ပီတာပါဗယ်နဲ့အတူ စကားပြောဆိုခဲ့ပြီး “ပူတင်ဟာ တခုတည်းသော ဆုံးဖြတ်ချက်နဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ပေမဲ့ အခုအချိန်အထိ ဆန္ဒတစုံတရာ ထုတ်မပြသေးဘူး” လို့ ပြောပါတယ်။
ချက်ဝန်ကြီးချုပ် ပီတာ ဖီအာလာနဲ့ လွှတ်တော်နှစ်ရပ်လုံးက ဥက္ကဋ္ဌတွေ တနင်္လာနေ့မှာ မြို့တော် ပရာ့ဂ်မှာ ဇလန်းစကီးနဲ့ တွေ့ကြမယ်လို့ သဂါးဒီးယန်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source: Reuters