DVB Logo
Home
မြန်မာသတင်း
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်
DVB
·
May 6, 2025
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်
Donate to DVB

ရခိုင်ဝါရင့်နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ဦးဦးလှစောဟာ မေ ၅ ရက် ည ၁၁ နာရီခန့်က လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဦးဦးလှစောဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး လည်ချောင်းကင်ဆာကို ဆေးကုသမှု ခံယူနေစဉ်မှာ သေဆုံးသွားခဲ့တာလို့ ဦးဦးလှစောရဲ့ တပည့်တယောက်က ပြောပါတယ်။

“ဆရာကြီးဆုံးတာ ဟုတ်ပါတယ်။ မနေ့က ည ၁၁ နာရီ ၂၀ မိနစ်မှာ ဆုံးတာပါ။ ဆရာကြီးက လည်ချောင်းကင်ဆာကို ဆေးကုသမှုခံယူနေစဉ်မှာ ဆုံးပါးသွားတာ။”

ဦးဦးလှစောဟာ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံအမတ်အဖြစ် ရွေးမြောက်ခံခဲ့ရသူတယောက် ဖြစ်သလို မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတယောက်လည်း ဖြစ်ပါတယ်။

ဦးဦးလှစောဟာ ၂၀၁၀ ပြည့်နှစ် ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နဲ့ ALD ပါတီတို့ကို ၂၀၁၃ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ (ANP) ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူတယောက် ဖြစ်ပါတယ်။

အဲဒီနောက် ANP ပါတီမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဗဟိုနိုင်ငံရေးဌာနမှာ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။

“ကျောင်းသားဘဝကနေ နောက်ဆုံးဘဝသက်တမ်းကုန်ဆုံးတဲ့အချိန်ထိ စစ်မှန်တဲ့ နိုင်ငံရေးသမားတယောက်အဖြစ် ရပ်တည်သွားခဲ့တဲ့ ဆရာ့ကို အထူးလေးစား ဂုဏ်ယူပါတယ်ဆရာ။ ဆရာ့ရဲ့သမိုင်းက ကျနော်တို့ရဲ့ ရင်ထဲမှာ ဘယ်တော့မှ မမေ့မပျောက် စွဲထင်ကျန်ရစ်မှာ ဖြစ်ပါတယ်။”

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်တသဖြစ်ရကြောင်း ရခိုင်နိုင်ငံရေးအသိုင်းအဝန်းနဲ့ ရခိုင်တော်လှန်ရေး အသိုင်းအဝန်းတို့ကြားမှာ ရေးသားနေကြပါတယ်။

ဦးဦးလှစောဟာ လူငယ်ဘဝတုန်းက ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် စစ်အစိုးရတွေက ၁၉၇၅ ခုနှစ်မှာ ထောင်ဒဏ် ၉ နှစ်၊ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလမှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်လည်း ဖြစ်ပါတယ်။

ဦးဦးလှစောဟာ မောင်ခိုင်အောင်၊ မောင်ခိုင်အောင်(စစ်တွေ) ကလောင်အမည်နဲ့လည်း ကဗျာတွေ၊ အက်ဆေးတွေ၊ သီချင်းတွေကိုလည်း ရေးသားခဲ့သူတယောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013