DVB Logo
Home
နိုင်ငံတကာ
Microsoft ၏ နာမည်ကြီး Skype ဝန်ဆောင်မှု အဆုံးသတ်
DVB
·
May 5, 2025
Microsoft ၏ နာမည်ကြီး Skype ဝန်ဆောင်မှု အဆုံးသတ်
Donate to DVB

ဆယ်စုနှစ် ၂ ခုကျော်ကြာ တကမ္ဘာလုံးက ဝေးကွာနေသူတွေကို ချိတ်ဆက်ပေးခဲ့တဲ့ Skype ဝန်ဆောင်မှုဟာ မေ ၅ ရက်မှာ စတင်ပိတ်သိမ်းရတော့မှာ ဖြစ်ပါတယ်။

ဒါဟာ အင်တာနက် ဆက်သွယ်ရေး နည်းပညာမှာ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ Skype အတွက် ခေတ်ကြီးတခု ကုန်ဆုံးတော့မယ့်မှတ်တိုင်လည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Skype ဟာ အင်တာနက်ကနေတဆင့် အသံနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကို အခမဲ့ပြုလုပ်နိုင်တဲ့ နည်းပညာအချိုးအကွေ့ကြီးတခု ဖြစ်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် အလယ်ပိုင်းမှာ Skype ရဲ့ အောင်မြင်မှု အထွတ်အထိပ် ရောက်စဉ်ကဆိုရင် တလကို သုံးစွဲသူပေါင်း သန်း ၃၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

Microsoft ရဲ့ Teams အပါအဝင် Zoom နဲ့ WhatsApp လိုမျိုး ဗီဒီယိုခေါ်ဆိုနိုင်တဲ့ ဝန်ဆောင်မှုအသစ်တွေ မပေါ်သေးခင်ကာလအတွင်း Skype ဟာ ကမ္ဘာ့လူသိအများဆုံး ဝက်ဘ်ဆိုက်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ Microsoft ကုမ္ပဏီက Skype ကို ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပေမဲ့လည်း Teams, Zoom နဲ့ WhatsApp လိုမျိုး ပြိုင်ဘက်တွေ ခေတ်စားလာချိန်မှာတော့ Skype ရဲ့ လူကြိုက်များမှုဟာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပါတယ်။

အခုလိုမျိုး ပိတ်သိမ်းမှုကြောင့် အခကြေးငွေနဲ့ သုံးစွဲသူတွေရော၊ အခမဲ့သုံးစွဲသူတွေအတွက်ပါ သက်ရောက်မှုရှိမှာ ဖြစ်ပေမဲ့လည်း Skype for Business တော့ ယာယီဆက်သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။

Microsoft ဟာ skype.com ကနေတဆင့် အသုံးပြုသူတွေကို Teams နဲ့ အစားထိုးပြီး ပြောင်းလဲသုံးစွဲဖို့အတွက် တိုက်တွန်းထားပါတယ်။

Teams မှာလည်း Skype ပေါ်က စကားပြောထားတဲ့ (Chats) နဲ့ အဆက်အသွယ် အားလုံးကို (Contacts) မူရင်းအကောင့်အတိုင်း ဆက်ပြီးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မတိုင်ခင်အထိ Skype သုံးစွဲသူတွေက မိမိကိုယ်ပိုင် အချက်အလက်တွေကို Download လုပ်တာ ဒါမှမဟုတ် ပြောင်းရွှေ့နိုင်ဖို့ အချိန်ပေးထားပြီး အဲဒီနောက်ပိုင်းမှာတော့ အပြီးတိုင် ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။

“Skype” ဆိုတာဟာ “Sky peer-to-peer” ဆိုတဲ့ စကားစုကနေ ဆင်းသက်လာတာဖြစ်ပြီး နောက်ပိုင်းမှာ “Skyper” ဆိုတဲ့အမည်ကို အတိုကောက် သုံးစွဲခဲ့ပါတယ်။

ဒါပေမဲ့လည်း “Skyper” ဆိုတဲ့နာမည်က ရှိပြီးသားဖြစ်တဲ့အလျောက် နောက်ဆုံးစာလုံး “R” ကိုဖြုတ်ပြီး “Skype” လို့ အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013