DVB Logo
Home
နိုင်ငံတကာ
လေပိုင်နက်အတွင်း တရားမဝင် ဝင်လာသည့် ဂျပန်လေယာဉ်ကို တရုတ် သတိပေး
DVB
·
May 5, 2025
လေပိုင်နက်အတွင်း တရားမဝင် ဝင်လာသည့် ဂျပန်လေယာဉ်ကို တရုတ် သတိပေး
Donate to DVB

ဂျပန်နဲ့ တရုတ်တို့ ပိုင်နက်အငြင်းပွားနေတဲ့ ဒိုင်းအိုးယုကျွန်းနားက တရုတ်လေပိုင်နက်အတွင်း တရားမဝင် ဝင်လာတဲ့ ဂျပန်အရပ်သားလေယာဉ်တစီးကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်ကမ်းခြေစောင့်တပ် (CCG) က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်လေယာဉ်ကို မောင်းထုတ်ဖို့ ဒိုင်းအိုးယုကျွန်းနဲ့ ပတ်သက်ပြီး ပေါင်းစပ် ပင်လယ်လေကြောင်း ဥပဒေစိုးမိုးရေး ပုံစံသစ်ကို သရုပ်ပြခဲ့တယ်လို့လည်း ကျွမ်းကျင်သူတွေကို ကိုးကားပြီး တရုတ်အစိုးရမီဒီယာ စီစီတီဗီက ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးတခုလုံးက ၅ မိနစ်အတွင်း ပြီးမြောက်ခဲ့ပြီး CCG က ပူးပေါင်းဆောင်ရွက်တဲ့ ပင်လယ်လေကြောင်း ဥပဒေစိုးမိုးရေး ကြိုးပမ်းမှုရဲ့ မြင့်မားတဲ့ ထိရောက်မှုကို မီးမောင်းထိုးပြခဲ့တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုခဲ့ပါတယ်။

စနေနေ့မှာ CCG စစ်သင်္ဘောတွေဟာ ဒိုင်းအိုးယုကျွန်း ပတ်လည်က ရေပြင်ထဲမှာ ဥပဒေနဲ့အညီ ပုံမှန်ကင်းလှည့်နေတုန်း ဂျပန်အရပ်ဘက်လေယာဉ်တစင်းက ဒိုင်းအိုးယုကျွန်းကိုဖြတ်ပြီး တရုတ်နိုင်ငံရဲ့ လေပိုင်နက်အထဲ ၁၁ နာရီ ၁၉ မိနစ်မှာ တရားမဝင် ဝင်ရောက်လာပြီး ၁၁ နာရီ ၂၄ မိနစ်မှာ ပြန်ထွက်သွားခဲ့ပါတယ်။

တုံ့ပြန်တဲ့အနေနဲ့ CCG ဟာ လိုအပ်တဲ့ ထိန်းချုပ်မှု အစီအမံတွေကို အမြန် အကောင်အထည်ဖော်ခဲ့ပြီး သတိပေးချက်ထုတ်ဖို့နဲ့ လေယာဉ်ကိုမောင်းထုတ်ဖို့ သင်္ဘောပေါ်က ရဟတ်ယာဉ်တစင်းကို သုံးခဲ့တယ်လို့ CCG ပြောရေးဆိုခွင့်ရှိသူ လျိုတာ့ကျွင်းက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလက တရုတ်မြို့တော် ပေကျင်းမှာ အထူး လူတွေ့မေးမြန်းခန်းမှာ CCG ရဲ့ တရားဥပဒေ စိုးမိုးရေးဌာန အကြီးအကဲ ကျန်းကျိန်းမင်က ဘက်ပေါင်းစုံ ပင်လယ်-ဝေဟင် လှည့်ကင်းတွေရဲ့ တရားဥပဒေစိုးမိုးရေး စွမ်းရည်မြှင့်တင်ဖို့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ရှင်းလင်း ပြောပြခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013