
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း ဆင်ခွာကျေးရွာကို စစ်ကောင်စီတပ်က မေ ၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ထပ်မံဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတယောက်က “မနေ့ညကကြဲတဲ့ ဘုန်းကြီးကျောင်းနားကိုပဲ ထပ်ကြဲတာ။ မျက်နှာတော့ကျန်တယ်တဲ့၊ နောက်စိဘက်ခြမ်း အကုန်ပွင့်သွားတာ၊ သူရှောင်တဲ့ကမ်းပါးနားကို ကျတာ” လို့ ပြောပါတယ်။
ဆင်ခွာကျေးရွာရှိ တောရဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က မေ ၃ ရက် ညပိုင်းမှာလည်း တကြိမ် ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းဆောင် ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။
မိုးကုတ်မြို့၊ ကသဲကျေးရွာအနီးကို မေ ၃ ရက် မနက်မှာ စစ်တပ်ဗုံးကြဲတာကြောင့် တောင်ပေါ်ကုန်းရပ်ကွက်က အမျိုးသားတယောက် ထိမှန်သေဆုံးခဲ့ပါတယ်။
မိုးကုတ်ကို စစ်ကောင်စီတပ်က မေ ၂ ရက်က စတင်ပြီး မေ ၄ ရက်အထိ ဆက်တိုက် ဗုံးကြဲနေကာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။