DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်က သူ့ကိုယ်သူ ပုပ်ရဟန်းမင်းကြီးအဖြစ် ဖန်တီးထားသည့် AI ဓာတ်ပုံ မျှဝေ
DVB
·
May 4, 2025
ထရမ့်ပ်က သူ့ကိုယ်သူ ပုပ်ရဟန်းမင်းကြီးအဖြစ် ဖန်တီးထားသည့် AI ဓာတ်ပုံ မျှဝေ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ကိုယ်သူ ပုပ်ရဟန်းမင်းကြီးအဖြစ် ဖန်တီးထားတဲ့ ဓာတ်ပုံကို မျှဝေခဲ့တဲ့အတွက် ကက်သလစ်သာသနာဝင်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ထရမ့်ပ်က "ကျုပ် ပုပ်ရဟန်းမင်းဖြစ်ချင်တယ်" လို့ သတင်းထောက်တွေကို နောက်ပြောင် ပြောဆိုခဲ့အပြီးမှာ ဒီပုံကို တင်ခဲ့တာဖြစ်ပြီး အိမ်ဖြူတော်ရဲ့  တရားဝင် လူမှုကွန်ရက်အကောင့်တွေမှာပါ ထရမ့်ပ်ရဲ့ ပို့စ်ကို ပြန်မျှဝေခဲ့တာဖြစ်ပါတယ်။ 

နယူးယောက်ပြည်နယ်ကက်သလစ်ကွန်ဖရင့်ကတော့ ထရမ့်ပ်ဟာ ကိုးကွယ်ယုံကြည်မှုကို လှောင်ပြောင်တာလို့ ဝေဖန်ခဲ့ပါတယ်။

"ဒီလိုလုပ်တာ ပါးနပ်ရာမရောက်သလို၊ ဒီပုံကရယ်လည်း မရယ်ရပါဘူး သမ္မတကြီးခင်ဗျား" လို့ နယူးယောက် ကက်သလစ်ကွန်ဖရင့်က တွစ်တာမှာ တုံ့ပြန်ခဲ့ပါတယ်။

"ကျနော်တို့တွေဟာ လေးစားချစ်ခင်ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အခုမှ မြေချပြီးတာပါ။ ကာဒီနယ်ကြီးတွေဟာ စိန့်ပီတာနေရာဆက်ခံသူသစ်ကို ရွေးကောက်ဖို့ အခုမှ အစည်းအဝေးထိုင်ဖို့ လုပ်နေရတာပါ။ ကျနော်တို့ မလှောင်ပါနဲ့ ခင်ဗျာ"လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ ထရမ့်ပ်ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ စျာပနမှာ သွားရောက် ဂါရဝပြုခဲ့သလို ကက်သလစ်သာသနာနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အထူးထောက်ခံသူဖြစ်တယ်လို့ ဖြေရှင်းထား ပါတယ်။

ထရမ့်ပ်ဟာ ကက်သလစ်သာသနာကို လှောင်ပြောင်တယ်လို့ စွပ်စွဲခံရတဲ့ ပထမဆုံး သမ္မတတော့ မဟုတ်ပါဘူး။ သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်ကလည်း ဖလော်ရီဒါပြည်နယ်၊ တမ်ပါမှာ ကိုယ်ဝန်ဖျက်ချခွင့် ချီတက်ဆန္ဒပြပွဲ လုပ်တဲ့အချိန် ဘိုင်ဒင်က လက်ဝါးကပ်တိုင်ပုံသင်္ကေတ လုပ်ပြတဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013