
အမေရိကန်နဲ့ ဖိလစ်ပိုင်တပ်တွေက နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်း အဖြစ် ဖိလစ်ပိုင်မြောက်ပိုင်း ကာဂါယံပြည်နယ်မှာ မေလ ၃ ရက်က ရန်သူ့ထိုးစစ်ကို တုံ့ပြန်ဖို့ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ပိုင်းကမ်းရိုးတန်းကို တိုက်ခိုက်ရင် ကာကွယ်မယ့် အနာဂတ်ဖြစ်နိုင်ခြေအတွက် အသွင်ယူပြီး တပ်ဖွဲ့ဝင်တွေက လေ့ကျင့်ခဲ့တာပါ။
ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်သည်အင်အား ၁၄,၀၀၀ ကျော်ဟာ အပြန်အလှန် ပူးတွဲစစ်ဆင်နိုင်မှု မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ဘာလီကာတန် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဆင်နွှဲနေ ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို မေလ ၉ ရက်အထိ ဆင်နွှဲဖို့ မျှော်လင့်ထားပြီး သြစတြေးလျနဲ့ ဂျပန်တို့က စစ်သားတချို့လည်း ပါဝင်လေ့ကျင့်နေပါတယ်။
တောင်တရုတ်ပင်လယ်ထဲက သယံဇာတပေါကြွယ်တဲ့ ကျွန်းစုတွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား ဆက်ဆံရေး ဆက်ပြီး တင်းမာနေချိန်မှာ နှစ်စဉ် ပူးတွဲ စစ်ရေး လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။
Source: Reuters