DVB Logo
Home
မြန်မာသတင်း
အမေရိကန် နိုင်ငံခြားရေးတာဝန်ရှိသူနှင့် CRPH ဥက္ကဋ္ဌ တွေ့ဆုံ၊ ငလျင်ဘေး ကူညီမည်ဟု ကတိပြု  
DVB
·
May 4, 2025
အမေရိကန် နိုင်ငံခြားရေးတာဝန်ရှိသူနှင့် CRPH ဥက္ကဋ္ဌ တွေ့ဆုံ၊ ငလျင်ဘေး ကူညီမည်ဟု ကတိပြု  
Donate to DVB

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အဆင့်မြင့်ဝန်ကြီး တယောက်က ကတိပြု ပြောကြားလိုက်ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှနဲ့ အာဆီယံရေးရာ လက်ထောက်ဒု နိုင်ငံခြားရေးဝန်ကြီး အန်ဒရူး ဟဲရပ်က  ဧပြီ ၂၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့တွေ့ဆုံရာမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း အန်ဒရူးဟဲရပ်က မြန်မာနိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းကြောင်း ပြောကြားပြီး ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ ပြည်သူတွေထံ လူသားချင်းစာနာထောက်ထား အကူအညီတွေ ပေးအပ်ဖို့ ကတိပြုခဲ့တာပါ။ 

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ မြန်မာပြည်သူတွေရဲ့ ကြံ့ခိုင်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ အတွက် လေးစားကြောင်းလည်း  အမေရိကန်က ပြောတဲ့အကြောင်း CRPH ကသတင်းထုတ်ပြန်ပါတယ် ။

CRPH ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ လတ်တလော နိုင်ငံရေးအခြေအနေတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေထိန်းချုပ်မှု ကိန်းဂဏန်းတွေကို ရှင်းလင်းပြောကြားခဲ့ပြီး စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကိုလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လေယာဉ်ဆီဒဏ်ခတ်ပိတ်ဆို့မှုအပါအဝင် စစ်ကောင်စီတပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့တွေ ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်သွားနိုင်ဖို့ ဆက်လက် ပံ့ပိုးကူညီပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013