DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် စစ်တပ် သတ်ဖြတ်မှုကြောင့် ကလေးနှင့် လူငယ် ၃,၅၀၀ ခန့် သေဆုံး
DVB
·
May 4, 2025
အာဏာသိမ်းပြီးနောက် စစ်တပ် သတ်ဖြတ်မှုကြောင့် ကလေးနှင့် လူငယ် ၃,၅၀၀ ခန့် သေဆုံး
Donate to DVB

စစ်တပ်အာဏာသိမ်းချိန်ကနေ အခု ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ စစ်တပ်က မတရားသတ်ဖြတ်လို့ ကလေးနဲ့လူငယ် ၃,၅၀၀ လောက် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေးသူငယ် သေဆုံးတာဟာ တနှစ်ထက်တနှစ်ပိုများလာပြီး ၂၀၂၁ ခုနှစ်မှာ ၉၅ ယောက် သေဆုံးခဲ့ပေမဲ့  ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာ တနှစ်ကို အယောက် ၃၆၀ လောက် သေဆုံးခဲ့ပြီး အခု ၃ လအတွင်းမှာတော့ အယောက် ၈၀ ဝန်းကျင်သေဆုံးတာကြောင့် စုစုပေါင်း ၁,၀၆၈ ယောက် သေဆုံးတာကို တွေ့ရပါတယ်။

ကလေးတွေဟာ စစ်ကိုင်းတိုင်းထဲမှာ အများဆုံး သေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

လူငယ်တွေကတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ၆၈၃ ယောက် သေဆုံးခဲ့ပြီး နောက်နှစ်တွေမှာလည်း ၄၀၀ ကျော်ကနေ ၆၀၀ လောက်အထိ သေဆုံးသလို အခု မတ်လကုန်အထိ အယောက် ၉၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

လူငယ်စုစုပေါင်း ၂,၃၅၂ ယောက် သေဆုံးလို့ သေဆုံးသူ စုစုပေါင်း ဦးရေရဲ့ လေးပုံတပုံကျော်ရှိပြီး ယောကျ်ားလေးအများစု ဖြစ်သလို စစ်ကိုင်းတိုင်းထဲမှာပဲ အများဆုံး သေဆုံးတာဖြစ်ပါတယ်။

စစ်တပ်ကြောင့် သေဆုံးသူ အမျိုးသမီးဦးရေဟာ ၂၀၂၁ ခုနှစ်မှာ ၁၀၆ ယောက်ပဲ ရှိပေမဲ့ တနှစ်ထက်တနှစ် ပိုများလာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၃၁၄ ယောက်၊ ၂၀၂၃ ခုနှစ်မှာ ၅၉၉ ယောက်၊ ၂၀၂၄ ခုနှစ်မှာ ၈၁၃ ယောက်၊ ၂၀၂၅ ခုနှစ် ၃ လအတွင်းမှာ အယောက် ၁၈၀ ဝန်းကျင်ရှိနေပါတယ်။

ဒီတော်လှန်ရေးကာလအတွင်း အမျိုးသမီး ၂,၀၁၆ ယောက်သေဆုံးတာကြောင့် သေဆုံးသူ စုစုပေါင်း ဦးရေရဲ့  ၂၁ ရာခိုင်နှုန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါတယ်။

အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သေဆုံးသူ စုစုပေါင်း ၉,၂၄၅ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013