DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ရန်  ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ ဆန္ဒပြ (ဓာတ်ပုံ ) 
DVB
·
May 3, 2025
မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ရန်  ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ ဆန္ဒပြ (ဓာတ်ပုံ ) 
1 / 12
Donate to DVB

မြန်မာ့အရေးမှာ ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရရဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ဝါရှင်တန်ဒီစီတရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

တရုတ်အစိုးရဟာ မြန်မာပြည်ငလျင်ဘေးသင့်ပြီးနောက်မှာ အကူအညီပေးရေးလုပ်ငန်းတွေနဲ့ တပြိုင်နက် စစ်ရေးနိုင်ငံရေးစွက်ဖက်ခြယ်လှယ်တာတွေ ဆက်တိုက်ပြုလုပ်လာတာပါ။

တရုတ်အစိုးရရဲ့လုပ်ရပ်တွေဟာ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ကြီးမားတဲ့သက်ရောက်မှု တွေရှိလာပြီး ပြည်သူတွေကိုထောက်ထားမှုမရှိတဲ့လုပ်ရပ်ဖြစ်တာကြောင့် ရပ်တန်းကရပ်ဖို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဒေသစံတော်ချိန် မေ ၂ ရက်က အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီ တရုတ်သံရုံးအရှေ့မှာ  သွားရောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

Save Myanmar USA အဖွဲ့မှ ကိုရင်အေးက “ ပြည်သူလူထုရဲ့အိပ်မက်တွေကို ပျက်စီးအောင်လုပ် တဲ့အတွက်ကြောင့် သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း ကျနော်တို့အနေနဲ့ အာမမခံဘူး၊ ဘယ်လိုဖြစ်မယ်ဆိုတာ ပြောလို့မရဘူး။ ပြည်သူတွေက အရမ်းနာကျည်းလာလို့ရှိရင် ဒါတွေက အာမခံလို့မရတဲ့ အနေအထားလို့ပြောချင်တယ်။ ဒါကို ကျနော်တို့က အသိပေးတယ်၊ တရုတ်အနေနဲ့သူ့ရဲ့ ပေါ်လစီ ပြောင်းရင်ပြောင်း၊ မပြောင်းလို့ရှိရင်တော့ နောက်ဆက်တွဲအကျိုး ဆက်တွေဟာ တရုတ်ကြောင့်ပဲဖြစ်လိမ့်မယ်၊ ကျနော်တို့ ကြောင့်တော့မဟုတ်ဘူး”လို့ ပြောပါတယ်။

တရုတ်အစိုးရဟာ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲပြန်လွှဲပြောင်းပေးခဲ့တဲ့လုပ်ရပ်အပါအဝင် မြောက်ပိုင်း မဟာမိတ်တွေကို ဖိအားပေးတာ၊ စစ်ကောင်စီကို မြင်သာတဲ့ အထောက်အပံ့ တွေပေးတာ၊ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး သူတို့လိုချင်တဲ့ အခြေအနေတခုရောက်အောင် ဖိအားပေးတွန်းပို့တာတွေဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုရင်အေးက “ဘဝတွေကျိုးပဲပြီးတော့ အသက်တွေပေးပြီးတော့ တိုက်ပွဲဝင်နေတဲ့ကြားထဲမှာ ဒီလိုမျိုးလာလုပ်တဲ့ကိစ္စကို လုံးဝလက်ခံမှာမဟုတ်ဘူး။ ရပ်ရင်ရပ်ပါ မရပ်ရင် ရေရှည်မှာလည်း တရုတ်နဲ့ မြန်မာဆက်ဆံရေးဟာအထိနာမယ်။ ကျနော်တို့မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ အနာဂတ်မှာ ဘယ်သူနဲ့သွားမှာလဲ၊ အိမ်နီးချင်းဖြစ်ပေမဲ့လည်း ကျနော်တို့ ဘက်လောက်အထိ ရင်းနှီးမှု ဆက်ဆံမှု ထူထောင်မှာလဲ။ အကျိုးတူစီးပွား ထူထောင်မှာလား မထူထောင်ဘူးလားဆိုတာ ကျနော်တို့ ပြည်သူဆုံးဖြတ်မှာ။ ဒီလိုမျိုးသာဆက် လုပ်နေရင် ကျနော်တို့ ပြည်သူတွေရဲ့ဆုံးဖြတ်ချက်တွေဟာ တရုတ်အတွက် ရေရှည်မှာ ဘယ်လိုမှမကောင်းနိုင်ဘူး”လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာစသိမ်းတုန်းက မှတ်ချက်တစုံတရာမပေးခဲ့တဲ့ တရုတ်အစိုးရဟာ ၂၀၂၃ မှာစတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအလွန်မှာ မြင်သာတဲ့  ပတ်သက်မှုတွေနဲ့ ဝင်ရောက် စွက်ဖက်မှုတွေ  ပြုလုပ်ခဲ့တာပါ။

စစ်အာဏာရှင်ဟောင်းတွေနဲ့တွေ့ဆုံတာ၊ ပြည်တွင်းနိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေနဲ့ ဆက်တိုက်တွေ့ဆုံတာ၊ စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံမှာ ခေါ်ယူတွေ့ဆုံတာစတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013