
အမေရိကန်ဈေးကွက်မှာ ရောင်းချမယ့် iPhone နဲ့ တခြား device တွေကို တရုတ်နိုင်ငံကနေ တခြားနိုင်ငံမှာ ပြောင်းလဲထုတ်လုပ်မယ်လို့ Apple က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ဖြန့်ချိဖို့ iPhone တွေကို အိန္ဒိယနိုင်ငံမှာ လာမယ့်လတွေအတွင်း ပြောင်းလဲထုတ်လုပ်မှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာတော့ iPad Apple watches တို့လို item တွေကို ထုတ်လုပ်မယ်လို့ အမှုဆောင်ချုပ် တင်ကွတ်က ပြောပါတယ်။
လက်ရှိအချိန်မှာ Apple ဟာ အမေရိကန်ဈေးကွက်အတွက် အိန္ဒိယနဲ့ ဗီယက်နမ်တို့မှာ ပြောင်းလဲ ထုတ်လုပ်ဖို့ ရွေးချယ်ထားပြီး တရုတ်နိုင်ငံကိုတော့ အမေရိကန်အပြင်ဘက် ဈေးကွက်အတွက် ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ထရမ့်ပ်က လျှပ်စစ်နဲ့ ဆက်စပ်ပစ္စည်းတွေကို အခွန်တိုးကောက်မယ့် အရေးကနေ ကင်းလွတ်ခွင့် ပေးထားပေမဲ့ Apple ရဲ့ ခန့်မှန်းချက်အရ အမေရိကန်သွင်းကုန်ခွန်တွေကြောင့် ပထမ ၃ လပတ်မှာတင် ဒေါ်လာ သန်း ၉၀၀ ရှိမယ်လို့ ဆိုပါတယ်။
ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း Apple ရဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေကို အမေရိကန်ကို ရွှေ့ဖို့ အကြိမ်ကြိမ် ပြောဆိုထားတာ တွေ့ရပါတယ်။
အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပေါ်လစီက ကမ္ဘာ့ကုန်သွယ်ရေး အရေးပေါ်အခြေအနေ တခုအတွက် ကြီးမားတဲ့ တုံ့ပြန်မှုတခု ဖြစ်လာဖွယ်ရှိပါတယ်။
Apple ဟာ ကြာသပတေးနေ့က ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်ခဲ့ပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေ ဆွေးနွေးခဲ့တာကြောင့် အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ့်ပုံ ပေါ်ပါတယ်။
အမှုဆောင်ချုပ် တင်ကွတ်က အမေရိကန်တနိုင်ငံလုံးမှာ လာမယ့် ၄ နှစ်အတွင်း ဒေါ်လာ ဘီလီယံ ၄၀၀ ရင်းနှီးမြှုပ်နှံဖို့ နှိုးဆော်ထားပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Source: Reuters