
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ထဲက စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက မေ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၆၀) နဲ့ ခလရ (၇၃) တို့ ပူးပေါင်း တပ်ပေါင်းစုက ထိုးစစ်ဆင် ခြေကုပ်ယူထားတဲ့ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်းနဲ့ တောင်စုကျေးရွာတွေကို KNL ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၂၈ ရက်က တိုက်ခိုက် သိမ်းယူခဲ့တာလို့ သိရပါတယ်။
ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်က ဒုရင်းမှူးတယောက်အပါအဝင် အရာခံ ဗိုလ်တယောက်ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာတယ်ဆိုပေမဲ့ အရေအတွက် အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
ဒီတိုက်ခိုက်သိမ်းယူမှုမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။