DVB Logo
Home
မြန်မာသတင်း
ရွာငံတွင် စစ်ကောင်စီတပ်သားများက အမျိုးသမီး ၃ ဦးကို အဓမ္မပြုကျင့်
DVB
·
May 2, 2025
ရွာငံတွင် စစ်ကောင်စီတပ်သားများက အမျိုးသမီး ၃ ဦးကို အဓမ္မပြုကျင့်
Donate to DVB

ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ၂ မှု ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဧပြီ ၃၀ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် မေလအတွင်းမှာ ရွာငံမြို့နယ်ဘက်ကနေ ရွာငံ-သာစည်နယ်စပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် မျက်ခါးအင်းကျေးရွာဘက်ကို ဆုတ်ခွာတဲ့လမ်းမှာ တောထဲ စစ်ဘေးရှောင်နေတဲ့ ရွာခံအမျိုးသမီးငယ် ၃ ယောက်ကို စစ်ကောင်စီတပ်သားတွေက အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ခွာပြီးမှ တောထဲမှာ ငိုနေတဲ့ အမျိုးသမီးငယ် ၃ ယောက်ကို ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်သား ၆ ယောက်က အဓမ္မပြုကျင့်ခဲ့ကြောင်း ပြန်ပြောပြချက်အရ သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် မေလအတွင်းကလည်း ရွာငံဒေသခံ စစ်ဘေးရှောင် အကူအညီပေးသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ကို ကလောအခြေစိုက် တပ်မ ၅၅ က စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ရွာငံရဲစခန်းကို ခေါ်ဆောင်သွားပြီး သူ့ကို နည်းမျိုးစုံနဲ့ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အတူဖမ်းဆီးခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးတွေ ပြောကြားချက်အရ စစ်ကောင်စီတပ်သားတွေဟာ အဆိုပါအမျိုးသမီးရဲ့ အင်္ဂါအတွင်းကို ပြင်ပပစ္စည်းတွေနဲ့ ထိုးသွင်းမှု၊ ရင်သားကို ရိုက်နှက်မှုတွေကိုပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရွာငံရဲစခန်းကလည်း တချို့သော အကျဉ်းသူတွေကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာ မပြုပါက အမျိုးသမီး လစဥ်သုံးပစ္စည်းတွေ ဝယ်ယူခွင့် ပိတ်ပင်တတ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့  အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေမဲ့ အရင်က အလားတူဖြစ်ရပ်မျိုးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကိုတော့ စစ်ကောင်စီဘက်က ငြင်းဆန်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013