DVB Logo
Home
မြန်မာသတင်း
NUGတရားရေးဝန်ကြီးဌာနက မြို့နယ်တရားရုံး ၃၁ ရုံး ဖွင့်လှစ်ထား
DVB
·
May 2, 2025
NUGတရားရေးဝန်ကြီးဌာနက မြို့နယ်တရားရုံး ၃၁ ရုံး ဖွင့်လှစ်ထား
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာနက မြို့နယ်အဆင့် တရားရုံး ၃၁ ရုံးနဲ့ ကြားကာလ အယူခံရုံး ၁ ရုံး ဖွင့်လှစ်ထားနိုင်ပြီလို့ မေ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက်က စတင်ကာ မြို့နယ်တရားရုံး ၁၅ ရုံး စတင်ထူထောင်ပြီး အရပ်ဘက်တရားစီရင်ရေးကို စတင်ခဲ့ကာ ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ တရားသူကြီး ၁၁၁ ယောက်တို့က မြို့နယ်တရားရုံး ၂၉ ရုံးမှာ မြေပြင်တရားစီရင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ ထုတ်ပြချက်မှာပါရှိပါတယ်။

မြို့နယ်ဥပဒေရုံး ၃၁ ရုံးကိုလည်း ဖွင့်လှစ်ထားနိုင်ပြီး ဥပဒေအကြံဉာဏ်ပေးဖို့နဲ့ အမှုလိုက်ပါ ဆောင်ရွက်နိုင်ဖို့ မြို့နယ်ဥပဒေတာဝန်ခံ ၁၈ ယောက်၊ ဒုတိယမြို့နယ်ဥပဒေတာဝန်ခံ အယောက် ၂၀၊ တွဲဖက်ဥပဒေတာဝန်ခံ ၂ ယောက်၊ စုစုပေါင်း ဥပဒေတာဝန်ခံ အယောက် ၄၀ ကို ခန့်အပ် တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။

စစ်ဘက်တရားစီရင်ရေးအရ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း အကျဉ်းစစ်တရားရုံး ၁၀ ရုံး၊ စစ်ခုံရုံး ၂ ရုံး ဖွဲ့စည်းကာ စစ်ရေးဆိုင်ရာပြစ်မှု ၁၂ မှုကို စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စီမံခန့်ခွဲမှု နည်းလမ်းအရလည်း အပြစ်ကျူးလွန်သူ ၅၈ ယောက်ကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013