DVB Logo
Home
မြန်မာသတင်း
ဆီမီးခုံမြို့တွင် ပစ်ခတ်ခံရသဖြင့် စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦး သေဆုံး
DVB
·
May 2, 2025
ဆီမီးခုံမြို့တွင် ပစ်ခတ်ခံရသဖြင့် စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်မှာ ဧပြီ ၃၀ ရက် ည ၈ နာရီဝန်းကျင်က ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ရာ စစ်ဗိုလ်တယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်တယောက်နဲ့ ပျူစောထီး ၂ ယောက်တို့ နေရာမှာတင် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

MBT တပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက “ဆီမီးခုံမြို့ပေါ်မှာ သူတို့ကိုပစ်တဲ့နေရာက သူတို့စခန်းနဲ့နီးတယ်။ ကျနော်တို့ဘက်ကလည်း သူတို့စခန်းကြားအထိ ကင်းပတ်တဲ့အဖွဲ့ကို ဝင်ပစ်တာ။ အဲဒီကောင်တွေ ဘာမှကို ပြန်မလုပ်နိုင်တာ။ သူတို့စခန်းဘက်ကကောင်တွေကလည်း ရမ်းပြီး ပြန်ပစ်တာတွေရှိတော့ သူပစ်ကိုယ်ပစ်ရင်းနဲ့ လက်နက်တွေကောက်ပြီး ပြန်ဆုတ်လာကြတာ။ ရဲဘော်တွေ ထိခိုက်တာ မရှိဘူး။ ခပ်မြန်မြန်ပြန်ဆုတ်လာတော့ သေသွားတဲ့ဗိုလ် ကိုယ်ပေါ်က MA3 မရခဲ့လိုက်ဘူး။ သူတို့အလောင်းတွေကိုတော့ ညတွင်းချင်း လာကောက်သွားတယ်လို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကနေ G3 သေနတ် ၂ လက်နဲ့ ကျည် ၁၈ တောင့်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တယောက်နဲ့ ပျူစောထီး ၂ ယောက် သေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းကလည်း ဆီမီးခုံမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ ၂ ယောက် သေဆုံးပြီး G3 သေနတ် ၃ လက်နဲ့ ခဲယမ်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013