DVB Logo
Home
နိုင်ငံတကာ
ဂျပန်တွင် မူလတန်းကျောင်းသား ၇ ဦးအား ကားဖြင့်ဝင်တိုက်သည့် အမျိုးသားကို ဖမ်းဆီး
DVB
·
May 2, 2025
ဂျပန်တွင် မူလတန်းကျောင်းသား ၇ ဦးအား ကားဖြင့်ဝင်တိုက်သည့် အမျိုးသားကို ဖမ်းဆီး
Donate to DVB

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ မေ ၁ ရက်က ကျောင်းချိန်အပြီး အိမ်ပြန်နေတဲ့ မူလတန်းကျောင်းသား ကလေးငယ် ၇ ယောက်ဆီကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ မော်တော်ကားနဲ့ ဝင်တိုက်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားတယောက်ကို မေ ၁ ရက်က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နေ့လယ် ၁ နာရီ ၃၅ မိနစ်မှာ လမ်းသွားလမ်းလာတယောက်က အရေးပေါ် ဖုန်းခေါ်ဆိုခဲ့ပြီး အိုဆာကာရဲ့ နိရှိနာရီရပ်ကွက်ရှိ လမ်းတခုမှာ “ကလေးငယ်တချို့ ကားတိုက်ခံရကြောင်း” တိုင်ကြားခဲ့တာပါ။

အဲဒီအချိန်ဟာ ကျောင်းရှိ အတန်းအားလုံးရဲ့ မနက်ခင်းအတန်းတွေ ပြီးဆုံးသွားလို့ ကလေးတွေ နေ့လယ်စာစားအပြီး အိမ်ပြန်နေကြတာပါ။

ကားနဲ့ဝင်တိုက်ခံရတဲ့ ဒုတိယတန်းကျောင်းသား ၅ ယောက်နဲ့ တတိယတန်း ကျောင်းသား ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီးတော့ သူတို့ကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမဲ့ ၇ ယောက်လုံး သတိရှိကြတယ်လို့လည်း ဆိုပါတယ်။

သူတို့ထဲက တယောက်ကတော့ မျက်နှာမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပြီး ဂျပန်ရုပ်သံလိုင်း NTV က ဒုတိယတန်းကျောင်းသူ မိန်းကလေးတယောက် မေးရိုးကျိုးဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း ထုတ်လွှင့်သွားပါတယ်။

မော်တော်ယာဉ်နဲ့ ဝင်တိုက်ခဲ့တဲ့ တိုကျိုမြို့တော်က အလုပ်လက်မဲ့ ယူကီ ယာဇာဝါကို လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု သံသယနဲ့ အိုဆာကာစီရင်စု ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားတဲ့ နေရာမှာပဲ ဖမ်းဆီးခဲ့ပါတယ်။

တိုကျိုရဲ့ ဟိဂါရှိမူရာယာမမြို့မှ ယာဇာဝါက “အရာအားလုံးကို စိတ်ပျက်ငြီးငွေ့နေပြီး တယောက်ယောက်ကို သတ်ပစ်ချင်နေတာ။ အဲဒါကြောင့် မူလတန်းကျောင်းက ကလေးတွေကို သူ့ကားနဲ့ဝင်တိုက်ပြီး သတ်ပစ်ဖို့လုပ်ခဲ့တာ” လို့ ပြောခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေကို ကိုးကားပြီး NTV က ပြောပါတယ်။

ယာဇာဝါကို ကျောင်းဆရာတွေက ဆွဲထုတ်ခဲ့ပြီးနောက်မှာ ယာဇာဝါဟာ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး တုန်လှုပ်နေပုံရကြောင်း မျက်မြင်သက်သေတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Nippon TV က ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013