DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်စတိုင် အုပ်ချုပ်မှုမျိုး ဖန်တီးရန် ဩစတြေးလျ အချမ်းသာဆုံးပုဂ္ဂိုလ် တိုက်တွန်း
DVB
·
May 1, 2025
ထရမ့်ပ်စတိုင် အုပ်ချုပ်မှုမျိုး ဖန်တီးရန် ဩစတြေးလျ အချမ်းသာဆုံးပုဂ္ဂိုလ် တိုက်တွန်း
Donate to DVB

ဩစတြေးလျနိုင်ငံမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ပုံစံ အုပ်ချုပ်မှုမျိုး ဖန်တီးကြဖို့ ဩစတြေးလျ အချမ်းသာဆုံးပုဂ္ဂိုလ် သတ္တုတွင်းသူဌေးမကြီး ဂီနာရိုင်းဟာ့တ်က တိုက်တွန်းလိုက်ပါတယ်။

ဒီတပတ်အကုန်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်ပြီး ရိုင်းဟာ့တ်က ဩဇီမှာ အမေရိကလိုမျိုး အစိုးရရဲ့ ရက်ရောမှုတွေ လျှော့ချပြီးတော့ ကာကွယ်ရေးအသုံးစရိတ်နဲ့ စွမ်းအင်လုံခြုံရေးကိုပဲ တိုးမြှင့်သင့်ပြီလို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်ကို အတိအလင်း ထောက်ခံသူဖြစ်သလို ဇန်နဝါရီလအတွင်းက ထရမ့်ပ် ကျမ်းကျိန်ပွဲ အပြီး ပါတီပွဲကို တက်ရောက်ခဲ့တဲ့ ရိုင်းဟာ့တ်က ထရမ့်ပ်နဲ့ သူ့မူဝါဒတွေ ပတ်သက်ပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ် စောဒကတက်နေကြမယ့်အစား ဩဇီမှာလည်း ဒါမျိုးချဉ်းကပ်ပုံ ကျင့်သုံးသင့်တယ်လို့ သူဌေးမကြီးက သုံးသပ်ပါတယ်။

“ဩစတြေးလျဟာ ကုန်ကျစရိတ်တွေ လျှော့ရမယ်၊ အစိုးရအလေအလွင့်တွေ၊ အစိုးရ ကြိုးနီအသုံးစရိတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ စည်းကမ်းလိုက်နာမှုတွေ၊ လိုင်စင်တွေ လျှော့ချရပါမယ်” လို့ ရိုင်းဟာ့တ်က ပြောပါတယ်။

Forbes မဂ္ဂဇင်းရဲ့ တွက်ချက်မှုအရ ရိုင်းဟာ့တ်ရဲ့ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံလောက် ရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ပင်မကုမ္ပဏီကြီးဖြစ်တဲ့ Hancock Prospecting Pty Ltd ဟာ အတိုက်အခံ လစ်ဘရယ်ပါတီရဲ့ အကြီးဆုံးအလှူရှင်တွေထဲက တခုဖြစ်ပါတယ်။

ဩစတြေးလျမှာ မေ ၃ ရက်နေ့ကျရင် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး စစ်တမ်းတွေအရတော့ အာဏာရ ဗဟိုလက်ဝဲယိမ်း လောဘာပါတီက အသာရနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013