DVB Logo
Home
နိုင်ငံတကာ
ကက်ရှ်မီးယား တိုက်ခိုက်ခံရမှုအတွက် ပြင်းပြင်းထန်ထန် အရေးယူရန် အိန္ဒိယအတိုက်အခံ ခေါင်းဆောင် တိုက်တွန်း
DVB
·
May 1, 2025
ကက်ရှ်မီးယား တိုက်ခိုက်ခံရမှုအတွက် ပြင်းပြင်းထန်ထန် အရေးယူရန် အိန္ဒိယအတိုက်အခံ ခေါင်းဆောင် တိုက်တွန်း
Donate to DVB

ပြီးခဲ့တဲ့သီတင်းပတ်က အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရ်ှမီးယားပြည်နယ်မှာ ကမ္ဘာလှည့်ခရီးသည် ၂၆ ယောက် သေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှု နောက်ကွယ်မှာ ပါဝင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အိန္ဒိယ အတိုက်အခံခေါင်းဆောင် ရာဟူးလ် ဂန္ဒီက ၀န်ကြီးချုပ် နာရန်ဒြာမိုဒီကို ဧပြီ ၃၀ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

တိုက်ခိုက်သူတွေဟာ ပါဟယ်လ်ဂမ် တောင်ပေါ်စခန်းမှာ ဧပြီ ၂၂ ရက်က အနီးကပ်ပစ်သတ်တာ မလုပ်မီ နာမည်တွေကိုမေးပြီး ဟိန္ဒူဘာသာဝင်တွေကို ပစ်မှတ်ထားရင်း လူ ၂၆ ယောက်ကို ခွဲခြားသတ်ဖြတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေက ပြောပါတယ်။

“ဒီအတွက် တာဝန်ရှိသူတွေ ပြန်ပေးဆပ်ရမယ်၊ ဝန်ကြီးချုပ်က အရေးယူရမယ်၊ လုပ်ဆောင်ချက်က ရှင်းလင်းပြီး ရှုပ်ထွေးမှုမရှိဘဲ ခိုင်ခိုင်မာမာရှိဖို့လိုတယ်” လို့ ဂန္ဒီက နယူးဒေလီ မြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မွတ်ဆလင်အများစု နေထိုင်ရာ ကက်ရ်ှမီးယားပြည်နယ်မှာ အကြမ်းဖက်ပုန်ကန်မှု ဆင်နွှဲနေတဲ့ ပါကစ္စတန်နိုင်ငံသား ၂ ယောက် အပါအဝင် တိုက်ခိုက်သူ ၃ ယောက်ကို အိန္ဒိယက ဖော်ထုတ်ခဲ့ပါတယ်။

ပါကစ္စတန်အစိုးရကတော့ ဘယ်လိုအခန်းကဏ္ဍကိုမဆို ငြင်းဆိုထားပြီး ကြားနေစုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

ဟိန္ဒူအများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ ဟိမဝန္တာဒေသ ကက်ရှ်မီးယားပြည်နယ်ထဲက စစ်သွေးကြွတွေကို ပါကစ္စတန်က ငွေကြေးထောက်ပံ့ပြီး အားပေးအားမြှောက်ပြုနေတယ်လို့ ဟိန္ဒူအများစုဖြစ်တဲ့ အိန္ဒိယက စွပ်စွဲထားပါတယ်။

ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ဖက်စလုံးက အပြည့်အဝ သူတို့ပိုင်တယ်လို့ အခိုင်အမာ ပြောထားပေမဲ့ လက်တွေ့မှာတော့ တပိုင်းစီသာ အုပ်ချုပ်နေတာပါ။

ကက်ရ်ှမီးယားမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုမှုအတွက် စာရိတ္တနဲ့ သံတမန်ရေးရာ အထောက်အပံ့တွေကိုသာ ထောက်ပံ့ပေးထားတယ်လို့ ပါကစ္စတန်အစိုးရက ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013