DVB Logo
Home
နိုင်ငံတကာ
နိုင်ရိုဘီမြို့တော်တွင် ကင်ညာလွှတ်တော်အမတ် ၁ ဦး ပစ်သတ်ခံရ
DVB
·
May 1, 2025
နိုင်ရိုဘီမြို့တော်တွင် ကင်ညာလွှတ်တော်အမတ် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမှာ ဧပြီ ၃၀ ရက် ညက မော်တော်ဆိုင်ကယ်စီး သေနတ်သမားတွေဟာ ကင်ညာလွှတ်တော်အမတ် ချားလ်စ် ဝဲရ်ကို ပစ်သတ်ခဲ့ကြောင်း ပြည်တွင်းရုပ်သံဌာန Citizen TV က ဖော်ပြပါတယ်။

ဒီသတင်းကို The Nation နဲ့ The Standard သတင်းစာတွေ အပါအဝင် တခြား ကင်ညာ သတင်းဌာနတွေမှာလည်း ဖော်ပြခဲ့ပါတယ်။

ကင်ညာနိုင်ငံ အနောက်ပိုင်း ကာစီပူလ် မဲဆန္ဒနယ်ကို ကိုယ်စားပြုတဲ့ ပါလီမန်အမတ် ချားလ်စ် ဝဲရ်ကို ဆိုင်ကယ်တစီးနဲ့ တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတဲ့ သေနတ်သမား ၂ ယောက်က ဒေသစံတော်ချိန် ည ၇ နာရီခွဲလောက်မှာ ပစ်သတ်ခဲ့တာဖြစ်ကြောင်း Citizen TV မှာ ဖော်ပြခဲ့ပါတယ်။

သေနတ်သမားတယောက်က ဆိုင်ကယ်ပေါ်မှဆင်းကာ ချားလ်စ် ဝဲရ်ကို အနီးကပ် ပစ်သတ်ခဲ့ကြောင်းနဲ့ သူ့ယာဉ်မောင်းကတော့ ပစ်ခတ်မှုမှ လွတ်မြောက်ခဲ့ကြောင်းလည်း ဆိုပါတယ်။

ပါလီမန်အမတ်ကို ဆေးကုသမှုခံယူရဖို့ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားကြောင်း ကြေညာခဲ့ပါတယ်။

ချားလ်စ် ဝဲရ်ဟာ ဝါရင့်နိုင်ငံရေးသမား ရိုင်လာ အိုဒင်ဂါ ဦးဆောင်တဲ့ အတိုက်အခံ ODM ပါတီမှာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ အိုဒင်ဂါက လက်ရှိသမ္မတ ဝီလျံရူးတိုကို ရှုံးနိမ့်ခဲ့တာပါ။

မမှန်မကန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ချခဲ့တဲ့ အိုဒင်ဂါဟာ ကင်ညာနိုင်ငံကို ဒုက္ခများစေမယ့် ပြဿနာရပ်တွေကို ဖြေရှင်းဖို့အတွက် ရူးတိုနဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးသား ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013