DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှုမြင့်တက်လာမည်ကို ကုလသမဂ္ဂအကြီးအကဲ စိုးရိမ်
DVB
·
April 30, 2025
အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှုမြင့်တက်လာမည်ကို ကုလသမဂ္ဂအကြီးအကဲ စိုးရိမ်
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပါကစ္စတန် ၀န်ကြီးချုပ် မူဟမ်မဒ် ရှာဘတ်ဇ် ရှာရစ်ဖ်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာတို့နဲ့ ဧပြီ ၂၉ ရက်မှာ သီးခြားစီ စကားပြောခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်ခ်က “အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေ မြင့်တက်လာမှာကို အတွင်းရေးမှူးချုပ်က နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ဝမ်းနည်းစရာကောင်းတဲ့ အကျိုးဆက်တွေကို ဖြစ်စေနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရှားဖို့လိုတယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။ တင်းမာမှု လျှော့ချရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်" လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့နဲ့ မကြာခင် စကားပြောတော့မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၉ ရက်မှာ ပြောပါတယ်။

ကက်ရ်ှမီးယား တိုက်ခိုက်မှုအပြီး အိန္ဒိယအစိုးရနဲ့ တင်းမာမှုတွေ မြင့်တက်လာချိန်မှာ စစ်ရေးအရ အရေးယူမှု မှန်သမျှကို “ပြတ်ပြတ်သားသား တုံ့ပြန်မယ်”လို့ ပါကစ္စတန် အစိုးရက ဧပြီ ၂၉ ရက်မှာ ပြောခဲ့တာပါ။

အိန္ဒိယအစိုးရက အုပ်ချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ်ဘက်အပိုင်းမှာ လူအသေအပျောက်များတဲ့ တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား တင်းမာမှုတွေ တိုးလာလို့ အိန္ဒိယအစိုးရက လာမယ့် ၂၄ နာရီကနေ ၃၆ နာရီအတွင်း စစ်ရေးအရ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေးသတင်းကို ပါကစ္စတန် အစိုးရက ရထားတယ်လို့ ပါကစ္စတန် ပြန်ကြားရေးနဲ့ ရုပ်သံလွှင့်ဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပါဟယ်ဂမ် တောင်ပေါ်စခန်းမှာ ကမ္ဘာလှည့်ခရီးသည် ၂၆ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို အိန္ဒိယက လုပ်တာလို့ ပါကစ္စတန် အမျိုးသားညီလာခံ ကိုယ်စားလှယ် အတူလာတာရာက ဗုဒ္ဓဟူးနေ့အစောပိုင်းက ဆိုရှယ်မီဒီယာတခုမှာ စွပ်စွဲခဲ့ပြီး ပါကစ္စတန်ကို တိုက်ခိုက်နိုင်ခြေကို မှားယွင်းတဲ့ အကြောင်းပြချက်အဖြစ် စွပ်စွဲခဲ့ပါတယ်။

သူ့စကားနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အချက်အလက်ကိုတော့ မပေးပါဘူး။ အိန္ဒိယအစိုးရကလည်း စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ မှတ်ချက်ကို လူသိရှင်ကြား ချက်ချင်း မပေးသေးပါဘူး။

“ရန်လိုတဲ့ လုပ်ရပ်မှန်သမျှ ပြတ်ပြတ်သားသား တုံ့ပြန်မှုတရပ်နဲ့ ကြုံတွေ့ရလိမ့်မယ်။ အိန္ဒိယဟာ ဒေသတွင်း ဆိုးရွာတဲ့ အကျိုးဆက်တွေအတွက် အပြည့်အဝ တာဝန်ယူရလိမ့်မယ်လို့လည်း တာရာက X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခွါဝါဂျာ  မူဟမ်မဒ် အာဆစ်ဖ်ကလဲ အိန္ဒိယက စစ်ရေးအရ ကျူးကျော်လာတော့မယ်လို့ တနင်္လာနေ့မှာ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

“ကျနော်တို့ရဲ့ တည်ရှိမှုကို တိုက်ရိုက်ခြိမ်းခြောက်လာမှသာ နျူကလီးယားလက်နက်တွေကို သုံးမယ်”လို့ အာဆစ်ဖ်က တပ်လှန့် ပြောဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013