DVB Logo
Home
မြန်မာသတင်း
မိုးမိတ်အနီး စစ်ရေးတင်းမာနေပြီး စစ်တပ်က MI-35 ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်
DVB
·
November 16, 2026
Photo: MTL
Photo: MTL
Donate to DVB

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်​တွေနဲ့ စစ်အာဏာရှင်တပ်တို့အကြား တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က ၇ မိုင်ကို MI-35 ရဟတ်ယာဉ်နဲ့ တိုက်လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်က မိုးမိတ်မြို့အပြင်ဘက် ၇ မိုင်ဝန်းကျင်ရှိ ​​ကျေးရွာအနီးကို MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ​​မြေပြင်က ​တော်လှန်​​ရေး တပ်ဖွဲ့ဝင်တ​ယောက်က ​ပြောပါတယ်။

“မနေ့ကတော့ MI 35 နဲ့ လာပစ်တာရှိတယ်။ ၇ မိုင်ဝန်းကျင်က ရွာကို​ပေါ့။ အရပ်သား ထိခိုက်တာ​တော့ မရှိခဲ့ဘူး။ ၄ မိုင်၊ ၅ မိုင်မှာတော့ စစ်တပ်ရှိသေးတယ်။ အဲဒီမှာပဲ တိုက်ပွဲဖြစ်နေတယ်။”

နိုဝင်ဘာ ၆ ရက်ကလည်း မိုးမိတ်-မြစ်ဆုံလမ်းပိုင်း ၇ မိုင်နဲ့ ၈ မိုင်ဝန်းကျင်မှာ စစ်တပ်ဘက်က ခြေလျင်တပ်၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဂျက်တိုက်လေယာဉ်​တွေ အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့နယ်အတွင်း စစ်တပ်ရဲ့ ခမရ ၁၁၄၊ ခမရ ၁၁၅ နဲ့ ခမရ ၅၀၆ တပ်​တွေ ပူးပေါင်းစစ်ရေးလှုပ်ရှားနေပြီး မိုးမိတ်-မဘိမ်း-ငါးအိုး-ရွှေကူ-ဗန်းမော် လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုး​စား​ပေမဲ့ KIA တိုက်ခိုက်မှု​ကြောင့် အထိနာပြီး ၃ အထိ တပ်ဆုတ်သွားခဲ့တာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013