DVB Logo
Home
နိုင်ငံတကာ
ဆော့ဖ်ဝဲဖန်တီးမှုတွင် AI က လွှမ်းမိုးသွားမည်ဟု Meta နှင့် Microsoft CEO များ ဆွေးနွေး
DVB
·
April 30, 2025
ဆော့ဖ်ဝဲဖန်တီးမှုတွင် AI က လွှမ်းမိုးသွားမည်ဟု Meta နှင့် Microsoft CEO များ ဆွေးနွေး
Donate to DVB

ဆော့ဖ်ဝဲဖန်တီးမှုမှာ AI က လွှမ်းမိုးသွားနိုင်တယ်လို့ Meta ကုမ္ပဏီစီအီးအို မာ့ခ်ဇူကာဘာ့ဂ်နဲ့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီ စီအီးအို ဆတ်တျာနာဒဲလားတို့ Meta က ပြုလုပ်တဲ့ ပထမဆုံး AI Developer ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။ 

ဧပြီ ၂၉ ရက်က ပြုလုပ်တဲ့ Llama Con 2025 မှာ AI အနာဂတ်အကြောင်း ပြောကြားရာမှာ ဒီကိစ္စကို အဓိက ထည့်ပြောသွားတာဖြစ်ပါတယ်။  လက်ရှိမှာ မိုက်ခရိုဆော့ဖ်ရဲ့  ကုဒ် ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ AI နဲ့ပဲ ဖန်တီးနေတာဖြစ်တယ်လို့ နာဒဲလားက ပြောပါတယ်။

ဇူကာဘာ့ဂ်ကလည်း တနှစ်အတွင်း AI ဟာ Meta ရဲ့ ဆော့ဖ်ဝဲဖန်တီးမှု ထက်ဝက်လောက်ကို ကိုင်တွယ်သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက် စလုံးက အကြီးစား AI မိုဒယ်တွေကို ပိုသေးပြီးတော့  ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် သုံးလာနိုင် လုပ်ငန်းစဉ်ဖြစ်တဲ့ အဆီအနှစ်ထုတ် အနှစ်ချုပ်တဲ့ (model distillation) ရဲ့ အလားအလာကိုလည်း မီးမောင်းထိုးပြခဲ့ကြပါတယ်။ 

Meta Platforms ဟာ သူ့ရဲ့ Llama အသိဉာဏ်တု မိုဒယ်ကို သုံးပြီးတော့ AI ထုတ်ကုန်တွေ ပိုလွယ်လွယ်ဖန်တီးနိုင်မယ်လို့ စီးပွားရေးတွေကို ဆွဲဆောင်တဲ့ application programming interface(API)  ကိုပါ ကြေညာခဲ့ပါတယ်။

Meta ဟာ Llama API နဲ့ ပြိုင်ဘက် OpenAI ၊  Alphabet ရဲ့ Googleနဲ့ ထွန်းသစ်စ ကုန်ကျစရိတ်နည်း တရုတ် DeepSeek လို AI မိုဒယ်တွေနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Meta ဟာ သီးခြား  AI ထောက်ကူပြု အက်ပလီကေးရှင်းတခုကိုလည်း ဧပြီ ၂၉ ရက်က စတင်ဖြန့်ချိခဲ့ပါတယ်။ ဒီနှစ် ဒုတိယသုံးလပတ်မှာ သူ့ AI Chatbot ရဲ့ အခပေးဝန်ဆောင်မှုကို စတင်စမ်းသပ်မယ်လို့ပါ ကြေညာထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013