
ဧရာဝတီတိုင်း၊ ဖျာပုံမြို့အဝင်တံတား ဖျာပုံတံတားအဆင်းမှာ ဧပြီ ၂၉ ရက် မနက်ပိုင်းက ကုန်ကားတစီး ဝင်တိုက်တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး အမျိုးသားတယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၉ ရက် မနက် ၇ နာရီအချိန်လောက်က ဖျာပုံတံတားဆင်းမှာ ရန်ကုန်ဘက်က ဆင်းလာတဲ့ ကုန်ကားက ဘရိတ်ပေါက်ပြီး လမ်းဘေးမှာ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိတာလို့ ဆိုပါတယ်၊၊
မျက်မြင်တွေ့ရှိသူက “အဲဒီလိုတိုက်မိတာကြောင့် ဆိုင်ကယ်ပေါ်က အမျိုးသမီးတယောက်က ခန္ဓာကိုယ် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့တာ။ အမျိုးသားတယောက်ကတော့ ပြင်းထန်ဒဏ်ရာနဲ့ ဖျာပုံဆေးရုံကို ပို့ဆောင်ထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အသက် ၅၃ နှစ်အရွယ် ဒေါ်အေးအေးမြင့်ဟာ ဒဏ်ရာရရှိသူနဲ့ လင်မယားဖြစ်ပြီး ဖျာပုံမြို့၊ အမှတ် ၁၅ ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်၊၊
ဖျာပုံမြို့မရဲစခန်းက ယာဉ်တိုက်မှုနဲ့ အမှုဖွင့် စစ်ဆေးအရေးယူနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။