DVB Logo
Home
မြန်မာသတင်း
တမူးခရိုင်၌ ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေ
DVB
·
September 20, 2026
ကလေး-တမူး ကြား ပျက်စီးသွားသည့် တံတားများ ပြန်လည်ပြုပြင်နေစဉ်။ (Photo: KWHRO)
ကလေး-တမူး ကြား ပျက်စီးသွားသည့် တံတားများ ပြန်လည်ပြုပြင်နေစဉ်။ (Photo: KWHRO)
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်အတွင်း ပြီးခဲ့တဲ့ ၄ လတာကာလအတွင်း စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်မှု ၅၈ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) က စက်တင်ဘာလ ဒုတိယပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ယောက် သေဆုံးပြီး ၅,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်ဟာ မေလက ဩဂုတ်လအတွင်း MiG-29 နဲ့ K-8 တိုက်လေယာဉ်တွေကို အသုံးပြုပြီး ထုံကတင်၊ တီတိန်နဲ့ ဝိတုတ်ကျေးရွာတွေကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး၊ ကလေး-တမူး လမ်းပိုင်းရှိ တံတားကြီးတွေ ပျက်စီးခဲ့မှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့တယ်လို့ KWHRO ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါကြောင့် အခြေခံကုန်ဈေးနှုန်းတွေ ၃ ဆလောက် မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တပ် စစ်ကြောင်းတွေဟာ ဒေသခံတွေရဲ့ ကျွဲ၊ နွား၊ ဝက် အကောင် ၇၀ ကျော်ကို အဓမ္မသိမ်းယူခြင်း၊ ဂိတ်တွေမှာ ခရီးသွားတွေထံက ငွေကျပ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ အဓမ္မငွေတောင်းခံနေတယ်လို့လည်းဆိုပါတယ်။

တဘက်မှာလည်း ပုဂ္ဂလိက ကျူရှင်လခတွေ ဈေးကြီးမြင့်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေသလို၊ သောက်သုံးရေနဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် အရေးပေါ်လူနာတွေ လမ်းခရီးမှာ အသက်ဆုံးရှုံးနေရကြောင်းနဲ့ အမျိုးသမီးတွေဟာလည်း နယ်စပ်ဖြတ်ကျော် နေ့စားအလုပ် လုပ်ကိုင်ရာမှာ နှောင့်ယှက်မှုတွေ ရင်ဆိုင်နေရတယ်လို့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013